ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းတချို့ စနေနေ့က ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားကြတာမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲ က တသင်းဖြစ်တဲ့ အုပ်စု C က ပြင်သစ်နဲ့ ဒီနှစ်ကမ္ဘာ့ဖလားပွဲ ဝင်ခွင့်မရတဲ့ အမေရိကန်တို့ပွဲမှာ တဘက် တဂိုးစီနဲ့ သရေကျသွားပါ တယ်။ အမေရိကန်အတွက်ဂိုးကို ၄၄ မိနစ်မှာ Green က သွင်းယူပေးတာဖြစ်ပြီး ပြင်သစ်ကတော့ ၇၈ မိနစ်မှာမှ Mbappe သွင်းယူနိုင်တာကြောင့် ချေပဂိုး ရသွားတာပါ။
အမေရိကန်အသင်းဟာ နှစ်ပေါင်း ၈၀ ကျော်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပထမဆုံး အကြိမ် လွဲထားတာဖြစ်ပါတယ်။
ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ထဲက နောက်တသင်းဖြစ်တဲ့ အုပ်စု B က စပိန်နဲ့ အုပ်စု G က တူနီးရှားတို့ပွဲမှာ စပိန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရပါတယ်။ စပိန်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို Aspas က ၈၄ မိနစ်မှာ သွင်းယူပေးတာပါ။
အုပ်စု C က ဒိန်းမတ်နဲ့ အုပ်စု F က မက္ကဆီကိုတို့ပွဲမှာ ဒိန်းမတ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။ အုပ်စု F ကပဲ ဆွီဒင်နဲ့ အုပ်စု C က ပီရူးတို့ပွဲကတော့ ဂိုးမရှိ သရေကျပါတယ်။
အုပ်စု C က သြစတြေးလျအသင်းနဲ့ ဟန်ဂေရီတို့ ခြေစမ်းပွဲမှာ သြစတြေးလျက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အုပ်စု B က မော်ရိုကိုနဲ့ အက်စ်တိုးနီးယားတို့ပွဲမှာ မော်ရိုကိုက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပါတယ်။ အုပ်စု E က ဆားဘီးယားအသင်းကတော့ ဘိုလီးဗီးယားအသင်း ကို အိမ်ကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဟန်ဂေရီ၊ အက်စ်တိုးနီးယားနဲ့ ဘိုလီးဗီယားတို့ဟာလည်း ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်မရတဲ့အသင်းတွေ ဖြစ်ပါတယ်။
Your browser doesn’t support HTML5