ကမ္ဘာ့ဖလားခြေစမ်းပွဲ - ချန်ပီယံံ ဂျာမနီ ဆော်ဒီကို ၂ ဂိုး ၁ ဂိုး

ဘောလုံးယှဉ်လုနေသည့် ဂျာမနီအသင်းမှ Julian Brandt နှင့် ဆော်ဒီအသင်းမှ Omar Hawsawi ။ ၈ ဇွန် ၂၀၁၈။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေဟာ ပြိုင်ပွဲကြီးမတိုင်ခင် နိုင်ငံတကာခြေစမ်းပွဲတွေ သောကြာနေ့မှာ ဆက်ကစားကြ ပြီး ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ ရေပန်းစားနေတဲ့ အုပ်စု F က ဂျာမနီနဲ့ အုပ်စု A က ဆော်ဒီ အာရေးဘီးယားတို့ ဂျာမနီမှာ ကန်တာမှာတော့ ဂျာမနီက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပါတယ်။

ဂျာမနီအတွက် ပထမပိုင်း ၈ မိနစ်မှာ Werner က အဖွင့်ဂိုးသွင်းယူပြီး ၄၃ မိနစ်မှာ ဆော်ဒီအသင်းက Hawsawi က ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့အတွက် ပထမပိုင်းမှာတင် ဂျာမနီက ၂ ဂိုးရသွားတာပါ။ ဒုတိယပိုင်း ၈၄ မိနစ်မှာ ဆော်ဒီအသင်းက Al Jassim က ချေပဂိုးတဂိုး ပြန်သွင်းယူပါတယ်။

အုပ်စု B က အီရန်အသင်းနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်မရတဲ့ လစ်သူယေးနီးယားအသင်းတို့ ကန်တဲ့ပွဲမှာ အိမ်ရှင်အီရန်က ၁ ဂိုး ဂိုး မရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု D မှာပါတဲ့ ခရိုအေးရှားက အုပ်စု H မှာပါတဲ့ ဆီနီဂေါလ်ကို အိမ်ရှင်အဖြစ် လက်ခံ ယှဉ်ပြိုင်တဲ့ပွဲမှာ ခရိုအေးရှားက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။

အုပ်စု E က ဆွစ်ဇာလန်အသင်းနဲ့ အုပ်စု H မှာပါတဲ့ အာရှထိပ်သီး ဂျပန်အသင်းတို့ ဆွစ်ဇာလန်မှာ ကန်တဲ့ပွဲမှာ ဆွစ်ဇာလန် အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။

အုပ်စု H က ပိုလန်နဲ့ ကမ္ဘာ့ဖလားဝင်ခွင့်မရတဲ့ တောင်အမေရိက ထိပ်သီးအသင်း တသင်းဖြစ်တဲ့ ချီလီတို့ ပိုလန်မှာ ကန်တဲ့ပွဲမှာ တဘက် ၂ ဂိုးစီနဲ့ သရေကျသွားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာ့ဖလားခြေစမ်းပွဲ - ချန်ပီယံံ ဂျာမနီ ဆော်ဒီကို ၂ ဂိုး ၁ ဂိုး