ကမ္ဘာ့ဘဏ်၊ IMF နဲ့ ကမ္ဘာ့စီးပွားရေး အလားအလာ

ကမ္ဘာ့ဘဏ်နဲ့ IMF စည်းဝေးပွဲတခုအား တွေ့ရစဉ်။

ဖွံ့ဖြိုးမှု နှေးကွေးနေတဲ့ စီးပွားရေး ပြန်လည် ဦးမော့လာရေး ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ကမ္ဘာတဝှမ်းက ဘဏ္ဍာရေးဆိုင်ရာ အရာရှိတွေက သံဓိဌာန် ပြုလိုက်ကြပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ IMF နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့တို့က အရာရှိတွေ ဝါရှင်တန် ဒီစီမြို့မှာ တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အဲဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အစီအစဉ်တွေဟာ အောင်မြင်မှု ရရှိနေတယ်လို့ အစည်းဝေးမှာ ပြောဆိုသူတွေလည်း ရှိပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ IMF စည်းဝေးပွဲမှာ ဆွေးနွေးခဲ့ကြတဲ့အကြောင်းတွေကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။