လက်နက်ကိုင် ပဋိပက္ခတွေကြား အမျိုးသမီး စစ်ပြေးဒုက္ခသည်များ

Your browser doesn’t support HTML5

အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာတာကြောင့် ကယားပြည်နယ်မှာ စစ်ပြေး ဒုက္ခသည်တွေ တနေ့တခြား ပိုများလာနေပြီး အမျိုးသမီးတွေအတွက် စိတ်ပိုင်း ရုပ်ပိုင်း လုံခြုံမှု ပိုမို ကင်းမဲ့လာနေတယ်လို့ စစ်ပြေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မဇူးပဒုမ္မာက ပြောပါတယ်။ အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
(Zawgyi/Unicode)

နဂိုကတည်းက ဖွံ့ဖြိုးမှု နည်းတဲ့ ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာတာကြောင့် စစ်ပြေး ဒုက္ခသည်တွေ တနေ့တခြား ပို များလာနေပြီး အမျိုးသမီးတွေအတွက် စိတ်ပိုင်း ရုပ်ပိုင်း လုံခြုံမှု ပိုမို ကင်းမဲ့လာနေတယ်လို့ စစ်ပြေး ဒုက္ခသည်တွေကို ကူညီ ပေးနေတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ တွဲဖက် အတွင်းရေးမှူး မဇူးပဒုမ္မာက ပြောပါတယ်။ စစ်ပြေး ဒုက္ခသည် အမျိုးသမီးတွေ အတွက် သူတို့လို အမျိုးသမီးအဖွဲ့တွေ အပါအဝင် တနိုင်တပိုင် ကူညီပေးနေသူတွေ ရှိပေမဲ့ လိုအပ်ချက်တွေ များပြားနေဆဲပဲ လို့လည်း ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ ကရင်နီ ခေါ် ကယားပြည်နယ်တွင်းက အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အခြေအနေ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ဒါတွေကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်နေ ကြရသလဲ ဆိုတာတွေကို မဇူးပဒုမ္မာကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
===============================
[Unicode]
လကျနကျကိုငျ ပဋိပက်ခတှကွေား အမြိုးသမီး စဈပွေးဒုက်ခသညျမြား (အမြိုးသမီးကဏ်ဍ)
