ဒီနေ့ ဇူလိုင် ၄ ရက် ကျရောက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သမ္မတအိမ်ဖြူတော်မှာ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်နေပါတယ်။
နှစ်စဉ် သမ္မတအဆက်ဆက် ကျင်းပခဲ့တဲ့အတိုင်း စစ်မှုထမ်း မိသားစုတွေ၊ စစ်ပြန်စစ်မှုထမ်းတွေနဲ့ တခြား ဧည့်သည်တော်တွေ ဖိတ်ကြားပြီး အိမ်ဖြူတော် မြက်ခင်းပြင်မှာ အသားကင် စားကြသလို သမ္မတ Joe Biden လည်းမိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။
ဒီနှစ် ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၇ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပြီး ၁၇၇၆ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဗြိတိသျှကိုလိုနီလက်အောက်က လွတ်လပ်ရေး ကြေညာခဲ့တဲ့နေ့ ဖြစ်ပါတယ်။ အမေရိကန် မိသားစုတွေ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပွဲစားကြ၊ အခမ်းအနားတွေ ကျင်းပကြသလို ဝါရှင်တန်မြို့တော် အမျိုးသားရင်ပြင်နဲ့ နေရာအနှံ့ မီးရှုးမီးပန်းတွေ ပစ်ဖေါက်ပြီး အောင်ပွဲခံတဲ့နေလည်း ဖြစ်ပါတယ်။
လွတ်တော်ရှေ့နဲ့ အမျိုးသားရင်ပြင်မှာ ဖျော်ဖြေပွဲတွေ ကျင်းပလေ့ရှိပြီး ဒီနှစ်တော့ Chicago တေးဂီတအဖွဲ့၊ Babyface နဲ့ တခြား ထင်ရှားတဲ့ အဆိုတော်အပြင် အမျိုးသား သံစုံတီးဝိုင်းနဲ့ အမေရိကန် စစ်တပ် တေးဂီတအဖွဲ့လည်း တီးမှုတ်ဖျော်ဖြေမှာ ဖြစ်ပါတယ်။
ကိုဗစ်ရောဂါ ကူးစက်မှုတွေကြောင့် တားမြစ်ခဲ့တဲ့ တင်းကြပ်မှုတွေ ဖြေလျှော့ပြီး လူတွေ အများအပြား လမ်းမပေါ်ပြန်ထွက်ကြတဲ့ ဒီနှစ် 4th of July အားလပ်ရက် ခရီးသွားရာသီမှာ အမေရိကန် ပြည်သူ ၄၇ သန်းလောက် ခရီးသွားကြမယ်လို့ လမ်းမှာ မော်တော်ယာဉ်တွေအတွက် ဝန်ဆောင်မှုပေးတဲ့ AAA က ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5