(Zawgyi/Unicode)
ပြီးခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ခုချိန်ထိ မပြီးပြတ်သေးသလို အဲဒီထဲမှာမှ တပ်မတော်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြား အခြေအတင်ဖြစ်နေတာကလည်း မပြီးပြတ်သေးပါဘူး။
အခုလို အခြေအနေမျိုး ဘာ့ကြောင့်ဖြစ်လာရတာပါလဲ၊ ဒီလိုအခြေအနေကနေ ရှေ့ဆက်ပြီး ဘာများဖြစ်လာနိုင်ပါသလဲ၊ ဖြေရှင်းဖို့နည်းလမ်းရော ရှိပါသလား၊ ဘယ်လိုသင်ခန်းစာများ ယူနိုင်ပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေဖြစ်တဲ့ Creative Home ဖန်တီးအိမ်အဖွဲ့က ဒါရိုက်တာ ဒေါ်ခင်လေးငယ်၊ လွတ်လပ်မ ျှတသောရွေးကောက်ပွဲများ ပံ့ပိုးရေး ကွန်ယက်အဖွဲ့ (Myanfrel) က အမှုဆောင်ဒါရိုက်တာ ဒေါ်ဇင်မာဦးတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။
---------------------
(Unicode)
Your browser doesn’t support HTML5