သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က သမ္မတဦးထင်ကျော်ကို နယူးဒေလီမြို့မှာ ကြိုဆိုနေစဉ်။

အိန္ဒိယနိုင်ငံမှာ (၄) ရက်ကြာ တရားဝင်အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတ ဦးထင်ကျော်ဟာ သြဂုတ်လ ၂၉ ရက်နေ့က အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိစ္စတွေ အပါအဝင် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ သမ္မတ ဦးထင်ကျော်ရဲ့ ဒီ ခရီးစဉ်အတွင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးကြဖို့ ရှိနေတာပါတယ်။ သမ္မတ ဦးထင်ကျော်ရဲ့ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးဆိုင်ရာကိစ္စရပ်တွေမှာ ဘယ်လို သဘော တူညီချက်တွေ ရနိုင်မလဲဆိုတာတွေကို အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာ တင့်ဆွေကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

Your browser doesn’t support HTML5

သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ