ဗွီအိုအေရဲ့ သီတင်းပတ်စဉ် အားကစားအစီအစဉ်ကနေ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အထူးအစီအစဉ်အဖြစ် တင်ဆက် နေတာမှာ ဒီသီတင်းပတ်မှာတော့ အခု ကျမ/ကျနော်တို့ အသံလွှွင့်နေချိန်မှာ ဒုတိယပိုင်း ဆက်ကစားနေပြီဖြစ်တဲ့ အုပ်စု F က မက္ကဆီကိုနဲ့ ဆွီဒင်၊ တောင်ကိုရီးယားနဲ့ ဂျာမနီပွဲတွေရဲ့ ဖြစ်လာနိုင်ခြေရလဒ်တွေကို ကြိုတင် သုံးသပ်ထားတာအပါအဝင် မြန်မာစံတော်ချိန် ကြာသပတေးနေ့မနက် ၁၂ နာရီခွဲမှာ ကစားမယ့် အုပ်စု E က ဆားဘီးယားနဲ့ ဘရာဇီးလ်၊ ဆွစ်ဇာလန်နဲ့ ကော်စတာ ရီကာ ပွဲတွေကို ကြိုတင် ခန့်မှန်းသုံးသပ်ထားတာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
အားကစား ဆောင်းပါးရှင်တွေဖြစ်ကြတဲ့ ကိုဝဏ္ဏကို၊ ကိုဝင်းကျော်မင်းတို့နဲ့အတူ သုံးသပ်ဆွေးနွေးပြီး ကိုကျော်ကျော်သိန်းက တင်ဆက်ထားပါတယ်။
Your browser doesn’t support HTML5