ဗီယက်နမ်မှာ လူပေါင်း ၁.၃ သန်းလောက် အင်အားပြင်း Molave တိုင်ဖုန်းဘေးလွတ်ရာ ရွှေ့ပြောင်း

(Zawgyi/Unicode)

ဗီယက်နမ်နိုင်ငံကို ဦးတည် တိုက်ခိုက်လာနေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Molave ရဲ့ ဒဏ်ကနေ အကာအကွယ် ပေးနိုင်ဖို့ ဗီယက်နမ်နိုင်ငံမှာ လူပေါင်း ၁.၃ သန်းလောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ပြင်ဆင်နေပါတယ်။ ဖိလစ်ပိုင်မှာ ဒီမုန်တိုင်းကြောင့် တနင်္လာနေ့က ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေဖြစ်ခဲ့သလို ငါးဖမ်းသမား အနည်းဆုံး တစ်ဒါဇင်လောက်လည်း ပျောက်ဆုံးခဲ့ရတာပါ။

တနင်္လာနေ့အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ လူဇုံကျွန်းကို တနာရီ ၇၇ မိုင်ကနေ မိုင် ၉၀ ကျော်နှုန်းနဲ့ ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်း မုန်တိုင်း Molave ကြောင့် မိုးသည်းထန်ခဲ့ပြီး နေရာ ၇နေရာလောက်မှာ မြေပြိုခဲ့သလို နောက်ထပ်နေရာ ၁၁ ခုမှာလည်းရေကြီးရေလျှံ တာတွေဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဌာန ကပြောပါတယ်။

ဒီတလထဲ ဗီယက်နမ်ကို စတုတ္ထမြောက် ဝင်ရောက်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်း အဖြစ် Molave မုန်တိုင်းက မနက်ဖြန် ဗုဒ္ဓဟူး နေ့မှာ လေတိုက်နှုန်း တနာရီကို ၉၃ မိုင်နှုန်းအထိ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထား ပါတယ်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ဒီလအတွင်း မုန်တိုင်းတွေကြောင့် ရေကြီး၊ ရေလျှံတာတွေ ဖြစ်ခဲ့ရသလို မြေပြိုတာကြောင့် အနည်း ဆုံးလူ ၁၃၀ လောက် သေဆုံးပြီး ၂၀ လောက်ပျောက်ဆုံးခဲ့ပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က ဒီ မုန်တိုင်းကအလွန်အားကောင်းပြီး ဧရိယာအများအပြားကို ဖြတ်ကျော်တိုက်ခိုက်မယ်လို့ အလျှင်စလို သတိပေးထားပါတယ်။ မုန်တိုင်းသင့်သူတွေကို ကူညီဖို့ ရဟတ်ယာဉ်တွေ၊ တင့်ကားတွေနဲ့ တခြား ပို့ဆောင်ရေး ယာဉ်တွေ အပါအဝင် စစ်တပ်ကို အသင့်ပြင်နေရာချထားတယ်လို့ လည်း ဝန်ကြီးချုပ် Phuc က ပြောပါတယ်။

Your browser doesn’t support HTML5

ဗီယက်နမ်မှာ လူပေါင်း ၁.၃ သန်းလောက် အင်အားပြင်း Molave တိုင်ဖုန်းဘေးလွတ်ရာ ရွှေ့ပြောင်း


............


(Unicode)




