ယူကရိန်းကို ရုရှား ကျုးကျော်ရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ကန်ဝန်ကြီးသတိပေး

  • ဗွီအိုအေမြန်မာပိုင်း

রাশিয়ান সাঁজোয়া যানবাহনের একটি কনভয় ক্রিমিয়ার একটি মহাসড়ক বরাবর চলে যাচ্ছে। মঙ্গলবার, ১৮ জানুয়ারী, ২০২২৷

ယူကရိန်းကို ရုရှား ကျုးကျော်ရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ကန်ဝန်ကြီးသတိပေး


{{Zawgyi/Unicode}}
ရုရှားအနေနဲ့ ယူကရိန်းနဲ့ပတ်သက်ပြီး စစ်ရေးအရရန်လိုမှုတွေ ဆက်လက်လုပ်နေမယ်ဆိုရင်၊ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန်တုံပြန်သွားမယ်လို့ ယူကရိန်းနိုင်ငံမြို့တော် Kyiv ရောက်ရှိနေတဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့က VOA နဲ့ တွေ့ဆုံမေးမြန်းစဉ် သတိပေးပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ရုရှားအနေနဲ့ ပြဿနာတွေကို သံတမန်ရေးနည်းလမ်းအရဘဲ ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကတဆက်တည်းပြောဆိုခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပြီး သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းမလား ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်တိုးမှုတွေနဲ့ နောက်ဆက်တွဲရလဒ်တွေ ကိုရင်ဆိုင်မလားဆိုတဲ့ရွေးချယ်စရာ နည်းလမ်း ၂ ခုကို ရုရှားကို ရှင်းရှင်းလင်းလင်းချပြထားပြီးသားလို့ နိုင်ငံခြားရေးဝန်ကြီး Blinken က VOA ရဲ့ဥရောပဌာနအကြီးအကဲ Myroslava Gongadze နဲ့တွေ့ဆုံ မေးမြန်းစဉ်ပြောဆိုခဲ့ပါတယ်။

ရုရှားအနေနဲ့ယူရိန်းနယ်စပ်မှာစစ်အင်အားတသိန်းလောက်ချထားပြီး၊ အချိန်တိုအတွင်း မှာ ၂ ဆလောက်တိုးလာနိုင်ကြောင်းနဲ့။ အမေရိကန်ကနေ ယူကရိန်းကို ကူညီထောက်ပံမယ့် ရုပ်ဝတ္တုပစ္စည်းတွေဟာ မကြာမီရောက်ရှိလာမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ အစောပိုင်းက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့လထဲတုန်းက ယူကရိန်းကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ထပ်ဆောင်းကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကိုပေးဖို့ အမေရိကန်သမတအိမ်ဖြူတော် ကအတည်ပြုခဲ့ပါတယ်။

.......................................

Your browser doesn’t support HTML5

ယူကရိန်းကို ရုရှား ကျုးကျော်ရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ကန်ဝန်ကြီးသတိပေး



{{Zawgyi/Unicode}}



