မဖြစ်မနေ လျှော့ချရမယ့် အစိုးရအသုံးစရိတ်လိုငွေ

အမေရိကန်ပြည်ထောင်စုမှာတော့ အစိုးရအသုံးစရိတ် လိုငွေပြမှုကို ထိန်းညှိဖို့ အစိုးရအသုံးစရိတ်ကို အမေရိကန်ဒေါ်လာပေါင်း ၈၅ ဘီလီယံ မဖြစ်မနေ လျှော့ချရတော့မယ့် အခြေအနေကို ရောက်နေပါပြီ။ အစိုးရအသုံးစရိတ် လိုငွေပြနေတာက အမေရိကန်ဒေါ်လာ ၁.၂ တြီလီယံ ဖြစ်ပါတယ်။ အဲဒီ လိုငွေ ပမာဏကို ဆယ်နှစ်အတွင်းမှာ နှစ်စဉ် အသုံးစရိတ်တွေ ဖြတ်ချသွားရမှာ ဖြစ်တယ်လို့လည်း ပြောပါ တယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ် အသုံးစရိတ် ကိုလည်း အခုထိ အတည်မပြုရသေးဘဲ ဖြစ်နေတာပါ။ ဒါကြောင့် ယာယီ သတ်မှတ်ထားတဲ့ မတ်လ ၂၇ ရက်နေ့လွန်ရင် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရ မလို ဖြစ်နေတဲ့အကြောင်း - ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ တင်ပြပေးထားပါတယ်။