တောင်တရုတ်ပင်လယ်တွင်း အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်

အမေရိကန် လေယာဉ်တင်စစ်သင်္ဘော USS Ronald Reagan.

(Zawgyi / Unicode)

ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော ၂ စင်းဖြစ်တဲ့ USS Nimitz နဲ့ USS Ronald Reagan တို့ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။

လွတ်လပ်ပြီး ပိတ်မထားတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ဖို့ ထောက်ခံမှုပြတဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှု လုပ်တာလို့ ပြောပါတယ်။

တရုတ်ကလည်း အဲဒီမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်တာဖြစ်ပြီး အမေရိကန် စစ်ဌာနချုပ်ကတော့ ဒါဟာ ဒေသတွင်းတင်းမာမှု လျော့ကျရေး ဆောင်ရွတ်ချက်တွေကို ထိခိုက်စေတယ်၊ အိမ်နီးချင်းနိုင်ငံတွေကို ကြောက်အောင် ခြောက်တာဖြစ်တယ်လို့ သောကြာနေ့ကပဲ စွပ်စွဲသွားပါတယ်။

SEE ALSO: ကပ်ရောဂါအန္တရာယ်ကြားက တရုတ် လှုပ်ရှားလာတဲ့ တောင်တရုတ်ပင်လယ် လုံခြုံရေး အာဆီယံခေါင်းဆောင်တွေ သတိပေး

ဒါပေမယ့် အခုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တာ မဟုတ်ဘူးလို့ အမေရိကန် တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောအုပ်စု အမှတ် ၅ ရဲ့ တပ်မှူးကြီး ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး George M. Wikoff က ပြောပါတယ်။

တရုတ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး အနောက်ပစိဖိတ်ဒေသမှာ တင်းမာမှု တိုးလာအောင် အမေရိကန်ကပဲ လုပ်နေတာလို့ စွပ်စွဲပါတယ်။ တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုကို ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကလည်း ဝေဖန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

တောင်တရုတ်ပင်လယ်တွင်း အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်

----------------------

(Unicode)




SEE ALSO: တောင်တရုတ်ပင်လယ်ပြင်အတွင်း ကန် နဲ့ တရုတ်အကြား စစ်ရေးတင်းမာနေ


