{{Zawgyi/Unicode}}
မက္ကဆီကိုနယ်စပ်ကနေ အမေရိကန်ပြည်ထောင်စုထဲကို တရားမဝင် ဝင်ရောက်လာပြီး ခိုလှုံခွင့်တောင်းခံသူတွေကို ရှေ့ရက်သတ္တပတ်ကနေစတင်ပြီး ပိုပြီး မြန်မြန်ဆန်ဆန် စိစစ် သွားမယ်လို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက စနေနေ့တုန်းကပြောဆိုပါတယ်။
ဒီအစီစဉ်ဟာ ကိုဗစ်ကြောင့်တင်းကြပ်ထားတဲ့ နယ်စပ်ဖြတ်ကျော်ခွင့်စည်းကမ်းတွေကို လာမယ့်မေလမှာ ဖြေလျော့ပေးဖို့ ပြင်ဆင်တဲ့အထဲက အစီအစဉ်တခုဖြစ်ပါတယ်။
ခိုလှုံခွင့်ဆိုင်ရာအမေရိကန်အရာရှိတွေက လျောက်ထားသူအရေအတွက်အနည်းငယ်ကို ရက်ပိုင်းအတွင်းပြီးအောင် တသုတ်ချင်းစိစစ်သွားမှာဖြစ်ပြီး အဲဒိကာလအတွင်း လျှောက်ထားသူတွေက နယ်စပ်လုံခြုံရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းတွေထဲမှာ ဆက်ပြီးနေ- နေရဦးမယ်လို့ ပြည်တွင်းလုံခြုံရေးဌာနပြောရေးဆိုခွင့်ရှိသူ Marsha Espinosa ကပြော ပါတယ်။
လျှောက်ထားသူတွေကို တယ်လီဖုန်းကနေတဆင့် မေးမြန်းစိစစ်ရာမှာ စိစစ်နေတဲ့ကာလတလျောက်- လျှောက်ထားသူတွေဟာ ဥပဒေအရခံစားခွင့်နဲ့ ရှေ့နေငှားရမ်းခွင့်ရှိမှာဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်မှုတွေများတဲ့အတွက် လက်ရှိ ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့လပိုင်းတွေထဲတုန်းက နယ်စပ်စည်းမျဉ်းတွေကို ပိုမိုတင်းကြပ်ခဲ့ပါတယ်။ ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တုန်းကလည်း စိစစ်တာတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပေမယ့် အဲဒီတုန်းက အကောက်အခွန်ဌာနနဲ့ နယ်စပ်လုံခြုံရေးဌာနက ကိုင်တွယ်တာဖြစ်ပြီး ခိုလှုံခွင့်လျှောက်ထားသူတွေအနေနဲ့ ဥပဒေအရ ရှေ့နေငှားရမ်းခွင့်နဲ့ပတ်သက်လို့ အာမခံချက်မရှိခဲ့ပါဘူး။
Your browser doesn’t support HTML5
=============
{{Unicode}}