ကျဆုံး စစ်သည်တွေကို အောက်မေ့ဂုဏ်ပြုတဲ့ Memorial Day အခမ်းအနားတွေကို တနလာၤနေ့မှာ အမေရိကန် ပြည်ထောင်စု တဝန်းကျင်းပခဲ့ပါတယ်။ Arlington အမျိုးသား စစ်သချိုၤင်းမှာ ကျင်းပတဲ့ ကျဆုံးစစ်သည် အောက်မေ့ဖွယ် အခမ်းအနားမှာတော့ ဒုတိယ သမ္မတ Mike Pence တက်ရောက် ဂုဏ်ပြုခဲ့ပြီး နိုင်ငံအတွက် အသက်စွန့် ပေးဆပ်ခဲ့ကြသူတွေကို မမေ့မလျော့ အမှတ်ရ ဂုဏ်ပြုသွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
မနေ့ တနလာၤနေ့ကတော့ အမေရိကန် ပြည်ထောင်စုရဲ့ ကျဆုံး စစ်သည်တွေကို အောက်မေ့ ဂုဏ်ပြုတဲ့ Memorial Day အခမ်းအနားကို Arlington အမျိုးသား စစ်သင်္ချ ိုင်းမှာ ကျင်းပခဲ့တာမှာ ဒုတိယ သမ္မတ Mike Pence တက်ရောက်ပြီး စစ်သင်္ချ ိုင်းက အညတရ စစ်သည် ဂူဗိမာန်မှာ ပန်းခွေချ အလေးပြုခဲ့တာပါ။ အမေရိကန် သမ္မတ Donald Trump က ဂျပန်နိုင်ငံကို ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေတာမို့ ဒုတိယ သမ္မတ Mike Pence က Arlington အမျိုးသား စစ်သင်္ချ ိုင်းမှာ ကျင်းပတဲ့ ကျဆုံး စစ်သည် အောက်မေ့ဖွယ်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောခဲ့တာပါ။
“စစ်မှုထမ်းဆောင်ခဲ့ကြသူတွေ၊ စစ်ပြန်တွေကို အောက်မေ့ ဂုဏ်ပြုတဲ့ နိုဝင်ဘာလမှာ နေ့တနေ့ ရှိပါတယ် ဒါကို ဒီမှာ ရှိနေကြတဲ့ လူတွေအားလုံးရော နောက် နိုင်ငံတဝန်းမှာ အလားတူ စုစည်းခဲ့ကြသူတွေရော သိကြပါတယ်။ ဒါပေမယ့် ဒီနေ့ကတော့ နိုင်ငံ အတွက် စစ်မှု ထမ်းဆောင်ခဲ့ကြပြီး အိမ်ပြန်မလာခဲ့ကြသူတွေကို နိုင်ငံတဝန်း အောက်မေ့ ဂုဏ်ပြုကြတဲ့ နေ့ဖြစ်ပါတယ်။ အမေရိကရဲ့ အောက်မေ့ဖွယ်နေ့ Memorial Day ဖြစ်ပါတယ်။ ဒီမှာ တက်ရောက်လာကြသူတွေရော အဝေးကနေ ကြည့်ရှုနေကြသူတွေ အထူးသဖြင့် ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောလိုပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ၄၅ ဆက်မြောက် သမ္မတဖြစ်တဲ့ သမ္မတ Donald Trump ထံက လေးစား အသိအမှတ်ပြုမှုနဲ့ ကျေးဇူးတင်ရှိမှုကိုလည်း ယူဆောင်လာပါတယ်။”
နိုင်ငံအတွက် အသက်စွန့်ခဲ့ကြသူတွေရဲ့ ပေးဆပ်မှုကို အမေရိကန် အနေနဲ့ ဘယ်တော့မှ ကျေအောင်ဆပ်နိုင်မှာ မဟုတ်ပါဘူးလို့လည်း အမေရိကန် ဒုတိယ သမ္မတ Pence က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။ ကျဆုံးစစ်သည်တွေကို ဘယ်တော့မှ မေ့လျော့သွားမှာ မဟုတ်သလို သူတို့ကို ဂုဏ်ပြုဖို့လည်း မေ့လျော့နေမှာ မဟုတ်ဘူးလို့လည်း ဒုတိယ သမ္မတက Arlington အမျိုးသား စစ်သင်္ချ ိုင်းက အောက်မေ့ဖွယ်နေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ စစ်တပ် တာဝန်ရှိသူတွေ၊ နောက် ကျဆုံးစစ်သည်တွေရဲ့ မိသားစုဝင်တွေကို ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ ကျဆုံး စစ်သည် အောက်မေ့ဖွယ်နေ့ကိုတော့ အမေရိကန် ပြည်ထောင်စု တဝန်းမှာ ကျင်းပကြတာပါ။ အမေရိကန် ကာကွယ်ရေးဌာန လက်အောက်ရှိ Hawaii အခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ ပစိဖိတ်ဌာနမှာ ဒုတိယ ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် ကတော့ ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ရှေ့တန်းမှာ အသက်ပေးပြီးတော့ ကျဆုံးသွားတဲ့ သူတွေကို အမြဲတမ်း နှစ်တိုင်းနှစ်တိုင်း ဂုဏ်ပြုတဲ့နေ့ပါ။ ကျမတို့ရဲ့ freedom တို့ ခေါ်ရမှာပေါ့နော်။ လုံခြုံရေးတို့ အသက်နဲ့ ပေးပြီးတော့ စွန့်လွှတ်သွားတဲ့ သူတွေကို မမေ့ဖို့၊ အမြဲတမ်း သတိရဖို့၊ နောက်ပြီးတော့ သူတို့ရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း သူတို့ရဲ့ ဆုံးရှုံးမှုကို ဂုဏ်ပြုတဲ့အချိန်ပါ။ ကျမတို့မှာလည်း volunteer army လေ။ ဆိုတော့ လူတွေက သူတို့ရဲ့ နိုင်ငံကို ချစ်လို့ သူတို့ကိုယ်တိုင်အသက်ပေးပြီးတော့ ကာကွယ်ပါမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တာဝန်ထမ်းဆောင်တယ်။ Sign ထိုးလိုက်လို့ ရှိရင်ပေါ့နော် စာရွက်ပေါ်မှာ ကျမ ဒီဟာ တာဝန်ထမ်းဆောင်ပါတယ်လို့ စာရွက်မှာ Sign ထိုးလိုက်တာနဲ့ ကိုယ့်အသက်ကို ပေးပြီးတော့ ကာကွယ်မယ်ဆိုတာကို ပြောလိုက်ပါတယ်။ အဲဒါအတွက်ကို ကျမတို့ အမြဲတမ်း ဂုဏ်ယူပါတယ်။ အဲဒါကြောင့်မို့လည်း ဒီရက်တွေမှာ အမြဲတမ်း တကယ် အသက်ပေးပြီးတော့ ဆုံးရှုံးသွားသူတွေကို ဂုဏ်ပြုတာဖြစ်ပါတယ်။
အမေရိက ကတော့ သမိုင်းနဲ့စပြီဆိုရင် အများကြီးပဲ တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ၊ ကိုးရီးယားစစ်ပွဲ၊ နောက်ပြီးတော့ ဗီယက်နမ် စစ်ပွဲ ၊ နောက်ဆုံး အီရက်နဲ့ အာဖဂန်စစ်ပွဲ ။ ကျမအတွက်ကတော့ အာဖဂန်နစ္စတန်နဲ့ အီရတ် စစ်ပွဲမှာ သူငယ်ချင်းတွေ အများကြီး ကျဆုံးသွားတာရှိပါတယ်။ ဒီလိုမျိုးနေ့မှာလည်း သူတို့အကြောင်းကို ပြန်ပြီးတော့ စဉ်းစားပြီးတော့ ကျမတို့ သူတို့ကို ဂုဏ်ပြုမိပါတယ်။”
စစ်ရေး ပဋိပက္ခတွေ အတွင်း သေဆုံးရတဲ့ အမေရိကန်က ၁ သန်း ၁ သိန်းလောက် ရှိပြီး အသေအပျောက် အများဆုံးကတော့ ၁၉ ရာစုနှစ် အတွင်း အမေရိကန် တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်နယ်တွေ ကျွန်စနစ်နဲ့ ပတ်သက်ပြီး ပြည်တွင်းစစ်အတွင်းမှာ ၅ သိန်းလောက် သေဆုံးခဲ့ရတာပါ။ အဲဒီစစ်ပွဲမှာတော့ ပြည်ထောင်စု အစိုးရရဲ့ မြောက်ပိုင်း ပြည်နယ်တွေက အနိုင်ရခဲ့ပြီးနောက် ကျွန်စနစ်လည်း ပျက်သွားခဲ့တာပါ။ ပြည်ပစစ်ပွဲ အတွင်း အမေရိကန် အသေအပျောက် အများဆုံးကတော့ ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီး အမေရိကန် ၄ သိန်းကျော် သေဆုံးခဲ့ရပါတယ်။
ကျဆုံး စစ်သည် အောက်မေ့ဖွယ်နေ့မှာတော့ ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေက သူတို့ မြှုပ်နှံရာ၊ အထိမ်းအမှတ်နေရာတွေကို သွားကြလေ့ ရှိပါတယ်။ ဝါရှင်တန်မြို့တော်မှာ ရှိတဲ့ ဗီယက်နမ် စစ်အတွင်း ကျဆုံး စစ်သည် အထိမ်းအမှတ်နေရာမှာ ရေးထိုးထားတဲ့ သူငယ်ချင်းတွေရဲ့ နာမည်ကို လာကြည့်ဖို့ ၄၅ နှစ် အချိန်ယူခဲ့ရသူ ဗီယက်နမ် စစ်ပြန်တဦးကတော့ အခုလို ပြောပါတယ်။
“တိုက်ပွဲမှာ သူငယ်ချင်းကောင်းတွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ ကျနော်က ၁၉၇၁ နဲ့ ၁၉၇၂ ခုနှစ်တို့မှာ ဗီယက်နမ်မှာ စစ်မှုထမ်းခဲ့တာပါ။ ဒီကျဆုံး စစ်သည်နာမည်တွေ ရေးထိုးထားတဲ့ နံရံမှာတော့ ကျနော့် အချစ်ဆုံး သူငယ်ချင်း ၄ ယောက် ရှိပါတယ်။ ကျနော် ဒီကိုလာတာ ပထမဆုံး အကြိမ်ပါ။ ကျနော် သူတို့ဆီကို လာချင်ပေမယ့်လည်း ကျနော် မလာနိုင်ခဲ့ပါဘူး။”
ကျဆုံး စစ်သည်အောက်မေ့ဖွယ်နေ့ Memorial Day မတိုင်ခင် တရက်ဖြစ်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ စစ်အတွင်း ပျောက်ဆုံးသူတွေ အရေး လှုံ့ဆော်တဲ့ အနေနဲ့ Rolling Thunder အဖွဲ့က မော်တော်ဆိုင်ကယ် ထောင်နဲ့ချီပြီး မြို့တော် ဝါရှင်တန်က လမ်းတွေပေါ်မှာ မောင်းနှင် ချီတက်ခဲ့ကြပြီး ဒီနှစ်က နောက်ဆုံး အကြိမ် ဖြစ်ပါတယ်လို့လည်း စီစဉ်သူတွေက ပြောဆိုထားပါတယ်။ ပထမ ကမ္ဘာစစ် ကနေ အီရတ် စစ်ပွဲအထိ စစ်အတွင်း ပျောက်ဆုံး စစ်သည် အဖြစ် အမေရိကန် စစ်မှုထမ်း ၈ သောင်း ၃ ထောင်ကျော်ကို စာရင်းသွင်းထားဆဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5