သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်မက်အင်အား ကမ္ဘာကိုထုတ်ပြဖို့Trump လိုလား


ပြီးခဲ့တဲ့နှစ်က ပြင်သစ်မှာ Bastille Day ပြင်သစ်အမျိုးသားနေ့ အခမ်းအနားတက်ရောက်လာတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump (ဇူလိုင် ၁၄၊ ၂၀၁၇ခုနှစ်)
ပြီးခဲ့တဲ့နှစ်က ပြင်သစ်မှာ Bastille Day ပြင်သစ်အမျိုးသားနေ့ အခမ်းအနားတက်ရောက်လာတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump (ဇူလိုင် ၁၄၊ ၂၀၁၇ခုနှစ်)

ပြီးခဲ့တဲ့နှစ်က ပြင်သစ်မှာ Bastille Day ပြင်သစ်အမျိုးသားနေ့ အခမ်းအနားကို ရှုစားခဲ့ပြီးတဲ့နောက် အဲဒီအခမ်းအနားထက် ပိုပြီးကြီးကျယ်တဲ့ စစ်ရေးပြ အခမ်းအနားကို ဝါရှင်တန်မှာ ကျင်းပလိုတဲ့အတွက် အမေရိကန်ရဲ့ စစ်အင်အားကြီးမားမှုပြသရေး အစီအစဉ်တွေ လုပ်ဖို့ ပင်တာဂွန် ကာကွယ်ရေးဌာန အကြီးအကဲတွေကို သမ္မတ Donald Trump က အမိန့်ပေးလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး Jim Mattis က စစ်ရေးပြ အခမ်းအနားနဲ့ ပတ်သက်ပြီး စီစဉ်တချို့ကို လုပ်ဆောင်ဖို့ စစ်အရာရှိတွေကို ညွှန်ကြားထားပြီး နောက်ဆုံး ရွေးချယ် ဆုံးဖြတ်ချက် ချဖို့အတွက် သမ္မတကို တင်ပြမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်လင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

သမ္မတရဲ့ စစ်တပ်အပေါ် ချစ်ခင်မှုနဲ့ လေးစားမှုကို သူ့အနေနဲ့ ကောင်းကောင်း သဘောပေါက်ကြောင်း ဝန်ကြီး Mattis က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အခမ်းအနား ကျင်းပနိုင်ချေရှိတဲ့ နေရက် ၃ ခုကတော့ မေလ ၂၈ ရက်နေ့ ကျရောက်တဲ့ Memorial day ခေါ် စစ်အတွင်း ကျဆုံးသူတွေကို ဂုဏ်ပြုတဲ့နေ့၊ ဇူလိုင်လ ၄ ရက်မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့ ဒါမှမဟုတ် နိုဝင်ဘာ ၁၁ ရက်နေ့မှာကျရောက်တဲ့ စစ်ပြန်များနေ့တို့ဖြစ်ပါတယ်။

သမ္မတ Trump အနေနဲ့ အရင်နှစ်တုန်းက ပါရီမြိုတော်မှာ တွေ့မြင်ခဲ့ရတဲ့ ဇူလိုင် ၁၄ ရက် ပြင်သစ်အမျိုးသားနေ့ လိုပုံစံမျိုး အမေရိကန်မှာ ကျင်းပလိုကြောင်း မကြာခဏပြောကြားခဲ့သလို သူ့အနေနဲ့ ဒီအခမ်းအနားထက် ပိုပြီးကြီးကျယ်တဲ့အခမ်းအနားမျိုး ကျင်းပချင်ကြောင်း ပြင်သစ်သမ္မတ Emmaunuel Macron ကို ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG