[[Zawgyi/Unicode]]
အမေရိကန်အစိုးရလုပ်ငန်းတွေ လည်ပတ်ဖို့ ပေးသင့်ပေးထိုက်တာတွေ ဆက်ပေးနိုင်အောင် အစိုးရအသုံးစရိတ် ကြွေးမြီပမာဏတိုးရေးကို အမေရိကန် အောက်လွှတ်တော်က ဒီနေ့ မနက်စောစောမှာ အတည်ပြုလိုက်ပါတယ်။
အစိုးရ ရယူနိုင်တဲ့ ကြွေးမြီပမာဏတိုးရေးကိစ္စ ပါတီနှစ်ရပ်အကြား လနဲ့ချီ သဘောထားကွဲလွဲခဲ့ပါတယ်။ အခု လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ပြီမို့ သမ္မတ Joe Biden ဥပဒေအဖြစ် လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။
အောက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၂၁ မဲ၊ ကန့်ကွက်မဲ ၂၀၉ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ရီပတ်ဗလစ်ကန်ဘက်က အမတ်တဦးပဲ ဒီမိုကရက်နဲ့ပေါင်း ထောက်ခံခဲ့ပါတယ်။ အထက်လွှတ်တော်မှာတော့ ဒီမိုကရက် အမတ် ၅၀ က ထောက်ခံပြီး ရီပတ်ဗလစ်ကန် အမတ် ၄၉ ယောက်စလုံးက ကန့်ကွက်ခဲ့ပါတယ်။
အတည်ပြုလိုက်တဲ့ဥပဒေအရ အစိုးရ ကြွေးမြီရယူနိုင်တဲ့ ပမာဏ ကို ဒေါ်လာ ၂ ဒသမ ၅ တြီလျံ ထပ်တိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ အမေရိကန် အစိုးရ လုပ်ငန်းဆောင်တာတွေအတွက် ၂၀၂၂ ခုနှစ် ကြားကလ ရွေးကောက်ပွဲတွေ ကျင်းပမယ့်အချိန်တွေနဲ့ ၂၀၂၃ ခုနှစ် အထိ လည်ပတ်နိုင်အောင် အသုံးစရိတ် ခွင့်ပြုလိုက်တာလို့ အထက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင် Chuck Schumer က ပြောဆိုပါတယ်။
ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန်၊ ဘယ်ပါတီပဲလွှတ်တော်မှာ အများစု ထိန်းချုပ် ထိန်းချုပ်၊ အမေရိကန် အစိုးရရဲ့ အသုံးစရိတ်ကို ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာငွေ ပမာဏထက် ကျော်လွှန်ပြီး လွှတ်တော်က ပုံမှန် အတည်ပြုလေ့ရှိပါတယ်။ ဒီလို အတည်ပြုတဲ့အတွက် အစိုးရက ရယူသုံးစွဲတဲ့ ကြွေးမြီပမာဏကို အခါအားလျှော်စွာ တိုးဖို့လိုအပ်ပြီး အစိုးရအသုံးစရိတ် လိုငွေလည်း ထပ်ပြီး တိုးလာလေ့ရှိပါတယ်။
Your browser doesn’t support HTML5
===========
[[Unicode]]
အစိုးရ ရယူနိုငျတဲ့ ကွှေးမွီပမာဏတိုးရေးကိစ်စ ပါတီနှဈရပျအကွား လနဲ့ခြီ သဘောထားကှဲလှဲခဲ့ပါတယျ။ အခု လှှတျတောျနှဈရပျစလုံးက အတညျပွုလိုကျပွီမို့ သမ်မတ Joe Biden ဥပဒအေဖွဈ လကျမှတျထိုးဖို့ပဲ ကနြျပါတော့တယျ။
#USBudget #USCongress #VOABurmese
===========