အာဖဂန်နစ္စတန်အတွက် စာနာမှုအကူအညီပေးရေး ကုလလုံခြုံရေးကောင်စီဆုံးဖြတ်
{{Zawgyi/Unicode}}
လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတဲ့ အာဂန်နစ္စတန်နိုင်ငံကို အကူအညီအထောက်အပံတွေပေးပို့နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အရ တာလီဘန်အပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေး ယူထားတာတွေကို ချိုးဖေါက်ခြင်းမရှိဘဲ၊ အာဖဂန်ကို အကူအညီအထောက်အပံ့တွေ ပေးပို့ဖို့ ၁ နှစ်ခွင့်ပြုလိုက်ပါတယ်။
ဒီအစဉ်အစီကို အမေရိကန်ပြည်ထောင်စုက လုံခြုံရေးကောင်စီမှာတင်ပြခဲ့တာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို ကျေးဇူးတင်ကြောင်းနဲ့ အာဖဂန်ရဲ့စီးပွားရေးအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid ကပြောဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာပိတ်ဆို့ထားမှုတွေကိုလည်း အလျင်အမြန်ဖယ်ရှားပေးလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်းသူကပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာအမေရိကန်ဒုတိယသံအမတ်ကြီး Jeffrey Delaurentis ကတော့ ဒီကူညီထောက်ပံမှုတွေဟာ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝတ္တရားတွေကိုလစ်လျူ့ရှုပြီး လိုရာလုပ်ဖို့အတွက်မဟုတ်ဘူးလို့ တာလီဘန်အပေါ် အရေးယူထားတာကိုရည်ရွယ်ပြီးပြောဆိုခဲ့ပါတယ်။
ဒါ့အပြင်ဗုဒ္ဓဟူး့နေ့မှာဘဲ အမေရိကန်ပြည်ထောင်စုကလည်း တာလီဘန်အပေါ်ချ မှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတချို့ကိုလျော့ပေးခဲ့ပါတယ်။ အကူအညီအထောက်ပံ တွေပေးပို့နိုင်ဖို့နဲ့၊ တဦးခြင်းပိတ်ဆို့အရေးယူခံထားရသူမဟုတ်ရင် ကုန်ပစ္စည်းတင်ပို့ခွင့်နဲ့ ငွေကြေးလွဲှပြောင်းပေးခြေခွင့်တွေကို ခွင့်ပြုခဲ့ပါတယ်။
Your browser doesn’t support HTML5
..............................................
{{Unicode}}