[[Zawgyi/Unicode]]
ယူကရိန်းနိုင်ငံ အကြပ်အတည်းတွေ အဆုံးမသတ်သေးသမျှ ၂၀၂၂ ကိန်းရုပ်ရှင် ပွဲတော်မှာ ရုရှားကိုယ်စားလှယ်အဖွဲ့ကို လက်မခံနိုင်ဘူးလို့ ပွဲတာဝန်ရှိသူတွေက မတ်လ ၁ ရက်နေ့မှာ ကြေညာပါတယ်။
ယူကရိန်းပြည်သူတွေ လက်ခံနိုင်တဲ့ပုံစံမျိုးနဲ့ အကြပ်အတည်းတွေကို အဆုံးသတ် သွားမှပဲ ရုရှားကိုယ်စားလှယ်အဖွဲ့ကိုလက်ခံမယ်လို့လည်း ပြောထားပါတယ်။ ယူက ရိန်းကို ကျူးကျော်နေတဲ့ရုရှားတို့ရဲ့လုပ်ရပ်အပေါ် အန္တရာယ်ကိုမမှုဘဲ ဆန့်ကျင်နေကြတဲ့ ရုရှားပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကိုလည်း ကိန်းရုပ်ရှင်ပွဲတော်တာဝန်ရှိသူတွေက ဂါရဝပြုထားပါတယ်။
လက်ရှိ ရုရှားစစ်အာဏာရှင်ကို မဆုတ်မနစ်ဆန့်ကျင်တော်လှန်ပြီး ယူကရိန်းကို ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်ကို လုံးဝ သည်းမခံနိုင်ကြတဲ့သူတွေထဲမှာ ရုပ်ရှင်လောကသားတွေ အနုပညာရှင်တွေလည်းပါဝင်ကြောင်း ကြေညာချက်မှာ ပြောထားပါတယ်။
၁၉၃၉ ခုနှစ်မှာ ထိပ်တန်းရောက်နေတဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို အီတလီ ဖက်ဆစ် အာဏာရှင် Benito Mussolini ကြားဝင်စွက်ဖက်တာကို ဆန့်ကျင်ရာက အစပြုပြီး ကိန်းရုပ်ရှင်ပွဲတော်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဲဒီလိုဖက်ဆစ်နဲ့ နာဇီအာဏာရှင်တွေကို ဆန့်ကျင်ရာက ၁၉၃၉ ခုနှစ်မှာအစပြုခဲ့တဲ့ သမိုင်းကြောင်းလိုပဲ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ မတရားမှုတွေကို ပြစ်တင်ရှုတ်ချတဲ့ အနုပညာရှင်နဲ့အတူ ကိန်းရုပ် ရှင်ပွဲတော်က ရပ်တည်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
===============
[[Unicode]]
===============