(Zawgyi / Unicode)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ Kyiv ကို တနင်္ဂနွေနေ့မှာ လာရောက်မှာဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါဟာ ရုရှားက ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကစပြီး ပထမဆုံး အမေရိကန်အရာရှိတွေ ယူကရိန်းကို သွားရောက်မှာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန် အရာရှိတွေဘက်ကတော့ အတည်ပြုချက် မထုတ်ပြန်သေးပါဘူး။
တနင်္ဂနွေနေ့ ကျရောက်မယ့် Orthodox ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော် မတိုင်ခင် ယူကရိန်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ညမထွက်ရ ကာဖျူးမိန့် ထုတ်ပြန်ထားချိန်မှာပဲ ယူကရိန်း အရှေ့ပိုင်းဒေသတကြောမှာ ထိုးစစ်တွေ ပြန်လုပ်မယ်လို့ ရုရှားတပ်တွေက ကြေညာခဲ့ပေမဲ့ သိသာတဲ့ အောင်မြင်မှု မတွေ့ရကြောင်း ဗြိတိန်အရာရှိတွေက စနေနေ့မှာ ပြောပါတယ်။
ယူကရိန်းဆိပ်ကမ်းမြို့ Mariupol မှာတော့ အရပ်သားတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ရုရှားတပ်တွေရဲ့ တားဆီးမှုခံရကြောင်း Mariupol မြို့ တာဝန်ခံက ပြောပါတယ်။ ကယ်ထုတ်ဖို့ သတ်မှတ်ထားတဲ့နေရာကို ဒေသခံ ၂၀၀ လောက် လာရောက်စုဝေးခဲ့ပေမဲ့ ရုရှားတပ်တွေက အစုမခံတဲ့အပြင် ဒေသခံတချို့ကိုတော့ ရုရှားထိန်းချုပ်ထားတဲ့ ဒေသကို သွားမယ့် ကားတွေပေါ် တက်ခိုင်းနေကြောင်းလည်း ပြောပါတယ်။
ယူကရိန်းတောင်ပိုင်း ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Odesa မှာလည်း စနေနေ့က ရုရှားဘက်က မစ်ဇိုင်းဒုံးကျည် ၆ စင်းထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် လူ ၅ ဦး သေဆုံးခဲ့ရတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကနေ ယူကရိန်းတပ်တွေအတွက် လက်နက်တွေ ပေးပို့နေတဲ့ Odesa ဆိပ်ကမ်းကို သူတို့တပ်တွေက မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းအရာရှိတွေကတော့ ယူကရိန်းမှာ ကျဆုံးတဲ့ ရုရှားစစ်သည် ၂ သောင်း ကျော်နေပြီလို့ စနေနေ့က ပြောပါတယ်။
ယူကရိန်းသမ္မတ Zelenskyy ကတော့ စနေနေ့မှာပဲ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးဖို့ ရုရှားသမ္မတ Vladimir Putin ကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။
Your browser doesn’t support HTML5
-------------------------------
(Unicode)
ယူကရိနျးသမ်မတ Zelenskyy ကတော့ စနနေေ့မှာပဲ စဈပှဲအဆုံးသတျရေး ဆှေးနှေးဖို့ ရုရှားသမ်မတ Vladimir Putin ကို ထပျမံ တောငျးဆိုလိုကျပါတယျ။