[[Zawgyi/Unicode]]
ရုရှားက ယူကရိန်းကို ဝင်တိုက်ပြီးတဲ့နောက် ကမ္ဘာ့အစုရှယ်ရာဈေးတွေ ထိုးကျပြီး လောင်စာဆီဈေးနဲ့ ရွှေဈေးတွေ စံချိန်တင် ထိုးတက်သွားပါတယ်။
ရုရှားသမ္မတ Vladimir Putin က ယူကရိန်းကို စစ်ဆင်လိုက်ကြောင်း ကြေညာအပြီးမှာပဲ ရုရှားရေနံတင်ပို့မူပြတ်နိုင်တာကြောင့် ရေနံစိမ်းတစည်ကို ၆ ဒေါ်လာ နီးပါး ထိုးတက်သွားကာ ဒေါ်လာ ၁၀၀ ကျော်အဖြစ် စံချိန်တင်သွားပါတယ်။
ရွှေဈေးကလည်း မနှစ် ဇန်နဝါရီနောက်ပိုင်း စံချိန်တင်အမြင့်ဆုံးဖြစ်သွားပါပြီ။
ဥရောပနဲ့အာရှဈေးကွက်မှာ ၄% အထိ ဒီကနေ့ ဈေးကျခဲ့သလို အမေရိကန် Wall Street အစုရှယ်ယာ ကြိုရောင်းကြိုဝယ် ဈေးကွက်မှာလည်း ၂.၅% အထိ မကြုံစဖူး ဈေးကျနေပါတယ်။
အာရှဘက်မှာလည်း ဂျပန်ရဲ့ MSCI Ex-Japan ဈေးကွက် စတော့ရှယ်ရာ ၃% ကျော်အဖြစ် ၂၀၂၀ နိုဝင်ဘာနောက်ပိုင်းမှာ အနိမ့်ဆုံးကို ကျဆင်းသွားပါတယ်။
အနောက်နိုင်ငံတွေဘက်ကလည်း ကမ္ဘာ့စတော့ရှယ်ရာဈေးကွက်ထဲက ရုရှားဘဏ်တွေပိုင်ဆိုင်မူအပေါ် ထိန်းချုပ်တော့မယ်လို့ ကြေညာလိုက်ချိန်မှာ ရုရှားငွေတန်ဖိုးဟာလည်း ၇.၅% ကျော်အဖြစ် မကြုံစဖူးကျဆင်းကာ အမေရိကန် တဒေါ်လာကို ရုရှား ရူဘယ်လ်ငွေ ၈၆.၉၈ ထိ ကျသွားပါတယ်။
တချိန်ထဲမှာ ယူကရိန်းကို စစ်ကြေညာခဲ့တဲ့ ရုရှားသမ္မတကို တာဝန်ယူတာဝန်ခံမူရှိစေဖို့ နောက်ထပ် ကြီးကြီးမားမား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မူတွေလုပ်ရေး ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဒီနေ့ပဲ ကတိပြုလိုက်ပါတယ်။
Your browser doesn’t support HTML5
============
[[Unicode]]
=========