ရုရှားဘက်က ညတွင်းချင်းတိုက်ခိုက်လာတဲ့ မောင်းသူမဲ့ ဒရုန်း ၃ စင်းထဲက နှစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကြားဖြတ်တိုက်ခိုက်မှုတွေ ဘယ်နေရာကနေ လုပ်ခဲ့တာလဲ ဒါမှမဟုတ် တတိယဒရုန်းကြောင့် ထိခိုက်မှုရှိမရှိဆိုတာတွေကိုတော့ အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြမထားပါဘူး။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ယူကရိန်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Belgorod ဒေသဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ယူကရိန်း ဒရုန်းနှစ်စင်းကို ပြန်ပြီးဖျက်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ပျက်ကျလာတဲ့ ဒရုန်းနှစ်စင်းရဲ့ အစိတ်အပိုင်းအတွေကြောင့် Dolgoye ရွာရှိ နေအိမ်တအိမ်နဲ့ ဓာတ်အားလိုင်း တွေ ပျက်စီးခဲ့တယ်လို့ Belgorod ဒေသ အုပ်ချုပ်ရေးမှူး Vyacheslav Gladkov ကပြောပါတယ်။
ရုရှားနိုင်ငံဘက်က ကျူးကျော်စစ်ကို ဆက်ပြီးအရှိန်မြှင့်နေသရွေ့ စစ်ရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့ပဲ ရှိတယ်လို့ ယူကရိန်းသမ္မတ အကြံပေး Mykhailo Podolyak က ဒီကနေ့ ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5