သမ္မတထရမ့်ပ်အပေါ် စွဲချက်တွေ ရှေ့သီတင်းပတ် အထက်လွှတ်တော်ပို့မယ်လို့ Nancy Pelosi ကြေညာ

့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi

(Zawgyi/ Unicode)

အောက်လွှတ်တော်က ဆုံးဖြတ်ထားတဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အပေါ် စွဲချက်တွေကို လာမယ့်သီတင်းပတ်မှာ အထက် လွှတ်တော်ကိုပေးပို့ရေး လုပ်ဆောင်မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က သောကြာနေ့မှာပြောပါတယ်။ အဲဒီလို ဆိုရင်တော့ သမ္မတထရမ့်ပ်ကို တရားစွဲဆိုရေးကိစ္စမှာ ရီပတ်ဘလီကန်ဦးဆောင်တဲ့ အထက်လွှတ်တော်နဲ့ကြား အငြင်းပွားနေတာ အဆုံးသတ်သွားမှာဖြစ်ပါတယ်။

“မန်နေဂျာတွေခန့်ထားရေးနဲ့ အထက်လွှတ်တော်ကို စွဲချက်တွေ ပေးပို့ရေးအတွက် ဆုံးဖြတ်ချက်မူကြမ်းတခုကို ပြင်ဆင်ပြီး အောက်လွှတ်တော်ကိုတင်သွင်းဖို့ တရားရေးကော်မတီဥက္ကဋ္ဌ Jerry Nadler ကို ကျမ ပြောထားပြီးပါပြီ” လို့ အောက်လွှတ်တော် ဒီမိုကရက်တွေဆီ ပေးပို့တဲ့စာထဲမှာ မစ္စစ် Pelosi ကပြောထားပါတယ်။ မန်နေဂျာတွေဆိုတာကတော့ သမ္မတထရမ့်ပ်ကို တရား စစ်ဆေးတဲ့ တရားခွင်မှာ ဆွဲချရှေ့နေတွေသဖွယ် လုပ်ဆောင်ရမယ့် အောက်လွှတ်တော်အမတ်တွေကို ဆိုလိုတာပါ။

မစ္စစ် Pelosi နဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell တို့အကြား ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့မတိုး နောက် မဆုတ်ဖြစ်နေတာ သီတင်းသုံးပတ်ကျော်သွားပါပြီ။

အခု တရားရေးကော်မတီကို ပြင်ခိုင်းထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဘယ်ရက်မှာ မဲခွဲအတည်ပြုမယ်ဆိုတာ မစ္စစ် Pelosi က မကြေညာပေမယ့် ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ အောက်လွှတ်တော် ဒီမိုကရက်တစ်အုပ်စုရဲ့ သီတင်းပတ်စဉ် အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ စာထဲမှာ ရေးထားပါတယ်။

စွဲချက်တွေကို ရပြီဆိုတာနဲ့ မစ္စတာ McConnell အနေနဲ့ တရားစစ်ဆေးတာကို ချက်ခြင်းစတင်နိုင်မှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

သမ္မတထရမ့်ပ်အပေါ် စွဲချက်တွေ ရှေ့သီတင်းပတ် အထက်လွှတ်တော်ပို့မယ်လို့ Nancy Pelosi ကြေညာ


.....................


(Unicode)

အောကျလှှတျတောျက ဆုံးဖွတျထားတဲ့ သမ်မတ ဒေါျနယျလျဒျ ထရမ့ျပျအပေါျ စှဲခကြျတှကေို လာမယ့ျသီတငျးပတျမှာ အထကျ လှှတျတောျကိုပေးပို့ရေး လုပျဆောငျမယျလို့ အောကျလှှတျတောျဥက်ကဋ်ဌ Nancy Pelosi က သောကွာနေ့မှာပွောပါတယျ။ အဲဒီလို ဆိုရငျတော့ သမ်မတထရမ့ျပျကို တရားစှဲဆိုရေးကိစ်စမှာ ရီပတျဘလီကနျဦးဆောငျတဲ့ အထကျလှှတျတောျနဲ့ကွား အငွငျးပှားနတော အဆုံးသတျသှားမှာဖွဈပါတယျ။



