နိုင်ငံပေါင်း ၁၄ နိုင်ငံက ခရီးသွားတွေလာရောက်ခွင့် ပိတ်ပင်ထားတာ အီးယူဖြေလျှော့

EU အလံ

Zawgyi/Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အီးယူ ဥရောပ သမဂ္ဂကနေ နိုင်ငံပေါင်း ၁၄ နိုင်ငံက ခရီးသွားတွေ လာရောက်ခွင့် ကန့်သတ်ထားတာကို ဖြေလျှော့ပေးလိုက်ပါပြီ။ အခုလို ဖယ်ရှားလိုက်တဲ့ စာရင်းထဲမှာတော့ အမေရိကန်ပြည်ထောင်စုက ခရီးသွားတွေအတွက်တော့ မပါပါဘူး။

အယ်လ်ဂျီးရီးယား၊ သြစတေးလျ ၊ ကနေဒါ၊ ဂျော်ဂျီယာ၊ ဂျပန်၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နယူးဇီလန်၊ ရဝမ်ဒါ၊ ဆားဗီးယား၊ တောင်ကိုရီးယားဝ ထိုင်း၊ တူနီးရှားနဲ့ ဥရုဂွေး နိုင်ငံတွေကနေ ဥရောပ ၃၁ နိုင်ငံထဲကို လာရောက်နိုင်ပြီဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်၊ ဘရာဇီးလ်နဲ့ အိန္ဒိယအပါအဝင် COVID- 19 ကူးစက်မှု တိုးနေတဲ့ နိုင်ငံတွေက နိုင်ငံသားတွေ လာရောက်မှုကိုတော့ အခုအချိန်မှာ တားမြစ်ထားတာ ဖြစ်ပါတယ်။

ဥရောပ နိုင်ငံတွေက နိုင်ငံသားတွေ သူတို့ဆီကိုလာရောက်ခွင့် ကန့်သတ်ထားတဲ့ တရုတ်နိုင်ငံအတွက်တော့ ဥရောပ တိုက်သားတွေ သူူတို့ဆီလာရောက်မှုကို မပိတ်ပင်သေရွေ့ သူတို့ နိုင်ငံသားတွလည်း ဥရောပ နိုင်ငံတွေကို လာရောက်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု အများဆုံး ဖြစ်နေပြီး အင်္ဂါနေ့ အမေရိကန် Johns Hopkins စစ်တမ်းမှာတော့ အကူးစက်ခံရသူ ကမ္ဘာတလွှား ဆယ်သန်းကျော် (၁၀,၃၇၅,၈၉၇) ရှိနေချိန်မှာ အမေရိကန်နိုင်ငံမှာ ၂ သန်းခွဲကျော် (၂,၆၂၀,၂၂၄) ရှိနေတာပါ။ သေဆုံးရသူကတော့ ကမ္ဘာတလွှား ၅ သိန်းကျော် (၅၀၇,၇၇၉ ) ရှိနေပြီး အမေရိကန်မှာတော့ တသိန်း ၂ သောင်းကျော် (၁၂၆,၆၂၈) ရှိနေပါပြီ။

Your browser doesn’t support HTML5

နိုင်ငံပေါင်း ၁၄ နိုင်ငံက ခရီးသွားတွေလာရောက်ခွင့် ပိတ်ပင်ထားတာ အီးယူဖြေလျှော့


[Unicode]




