သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO ကို ရန်ပုံငွေဖြတ်မယ့်ကိစ္စ ပြန်သုံးသပ်ဖို့ ကန်သမ္မတ Trump ကို ဥရောပသမဂ္ဂ ပန်ကြား


အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ကာကွယ်နိုင်ရေး ကလေးငယ်တဦးကို ကိုယ်အပူချိန် တိုင်းတာစစ်နေတဲ့မြင်ကွင်း။ (မေ ၂၉၊ ၂၀၂၀)
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ကာကွယ်နိုင်ရေး ကလေးငယ်တဦးကို ကိုယ်အပူချိန် တိုင်းတာစစ်နေတဲ့မြင်ကွင်း။ (မေ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အိန္ဒိယနဲ့ တခြားနေရာတွေမှာ အခြေအနေ ဆိုးလာတာကို မြင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်သမ္မတ Donald Trump က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အတွက် ရန်ပုံငွေမပေးဖို့ ဆုံးဖြတ်ခဲ့တာကို ပြန်လည်စဉ်းစားဖို့ အီးယူ ဥရောပသမဂ္ဂက ပန်ကြားလိုက်ပါတယ်။

WHO ဟာ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကို ထိထိရောက်ရောက် တုံ့ပြန်ဖို့ မဆောင်ရွက်နိုင်တဲ့အပြင် တရုတ်အစိုးရရဲ့ လုံးဝထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ စွပ်စွဲပြီး အမေရိကန်က ရန်ပုံငွေမပေးဖို့ ဆုံးဖြတ်ကြောင်း သောကြာနေ့က ကြေညာခဲ့တာပါ။

လက်ရှိနဲ့ အနာဂတ်ကာလ ကမ္ဘာ့ကပ်ရောဂါကြီးတွေကို နိုင်ငံတကာက တုံ့ပြန်ရာမှာ WHO ဟာ ဆက်ပြီး ဦးဆောင်နိုင်စွမ်းရှိဖို့ လိုအပ်ကြောင်း ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen နဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီး Josep Borrell တို့က စနေနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် WHO ရဲ့လုပ်ရပ် အားနည်းစေတာကို ရှောင်ကြဖို့နဲ့ အမေရိကန်က ရန်ပုံငွေမပေးဖို့ ဆုံးဖြတ်ချက်အတွက် ပြန်လည်စဉ်းစားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ထိန်းချုပ်ရေးမှာ WHO ကို လာမယ့် ၂ နှစ်အတွက် ဒေါ်လာ ၂ ဘီလီယံ အကူအညီပေးမယ်လို့ တရုတ်က ကတိပေးခဲ့ပြီးတဲ့နောက် အမေရိကန်သမ္မတ Trump က အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါဆိုင်ရာ ကန့်သတ်မှုတွေ ဖြေလျှော့ပေးခဲ့ပြီး နောက်ပိုင်း စနေနေ့က ဒီရောဂါ အကူးစက်ခံရသူ ၈,၀၀၀ နီးပါး ရှိခဲ့ပြီး စံချိန်တင် မြင့်တက်လာတာပါ။

အမေရိကန်မှာတော့ Johns Hopkins စစ်တမ်းအရ စနေနေ့အထိ ဒီရောဂါကြောင့် သေဆုံးရသူ ၁၀၀,၀၀၀ ကျော်၊ အကူးစက်ခံရသူက ၁.၇ သန်းကျော်နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)









XS
SM
MD
LG