ကန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ တောင်ကိုရီးယားရောက်ရှိ

ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Chung Eui-yong။ (မတ် ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

အာရှအရှေ့မြောက်ပိုင်းခရီးစဉ်ထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့နှစ်ဦး တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေပါပြီ။ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Chung Eui-yong နဲ့ ဒီနေ့ တွေ့ဆုံပါတယ်။

ဒီမတိုင်ခင် ဂျပန်နိုင်ငံမှာရှိနေစဉ်အတွင်း အမေရိကန်-ဂျပန်ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာတော့တရုတ်ရဲ့ အတင်းအကြပ်ဖိအားပေးမှုနဲ့ တင်းမာလာမှုတွေအပေါ် အမေရိကန်ဘက်က တုံ့ပြန်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က သတိပေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့အနေနဲ့ ဒီနေ့အစောပိုင်းမှာ ဂျပန်ကနေထွက်ခွာခဲ့ကြတာပါ။ ဒီ့မတိုင်ခင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့နဲ့တွေ့ပြီး၊ TPP ခေါ် ပစိဖိတ်တလွှားမဟာမိတ်ဖြစ်မှုကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။

တရုတ်ရဲ့ ပိုမိုတင်းမာစွက်ဖက်လာမှုနဲ့ မြောက်ကိုရီးယားရဲ့ ပိုမိုရန်လိုလာမှုတွေကြုံလာချိန်မှာ၊ နှစ်ဘက်ထိပ်ပိုင်းဝန်ကြီး နှစ် ဦးပေါင်းပြီးတွေ့ဆုံတဲ့ “two-Plus-two" ခေါ် အစည်းအဝေးကျင်းပပြီး တရုတ်အနေနဲ့ အတင်းအကြပ်ဖိအားပေး၊ တင်းမာလာလျှင်၊ သမ္မတ Joe Biden အစိုးရအနေနဲ့ တန်ပြန်တွန်းထုတ်သွားမယ်လို့ ကတိပြုကြောင်း ပူးတွဲကြေညာချက်ပါထုတ်ခဲ့ပါတယ်။

SEE ALSO: ကန်-ဂျပန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး

ဒီမတိုင်ခင် အမေရိကန်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်တွေ့ဆုံမှု မစခင်လေးမှာလည်း Blinken က အမေရိကန်နဲ့ ဂျပန်အစိုးရတွေအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေအပေါ် ယုံကြည်ထားတယ်။ ဒါပေမဲ့ ဒီ စံတန်ဖိုးတွေကို တရုတ်အပြင် မြန်မာမှာပါ အာရှဒေသထဲ အခြိမ်းခြောက်ခံနေရတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အဲဒီနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi ကလည်း တရုတ်ရဲ့ အရှေ့နဲ့တောင်တရုတ်ပင်လယ်တွင်း လက်ရှိအခြေအနေကို ပြောင်းဖို့ စစ်ရေးချဲ့ထွင်လာမှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဆန့်ကျင်တယ်လို့ပြောခဲ့ပါတယ်။

ဒီအပေါ် တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Zhao Lijian ကတော့၊ ဂျပန်-အမေရိကန်ဆက်ဆံရေးက နောက်တစ်နိုင်ငံကို ပစ်မှတ်ထားတာနဲ့ အကျိုးစီးပွားနစ်နာစေတာမျိုး မဖြစ်သင့်ဘူး။ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ဖို့သာ အထောက်အကူပြုသင့်တယ်လို့ ပြန်ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ တောင်ကိုရီးယားရောက်ရှိ

[Unicode Version]






SEE ALSO: မြန်မာအရေး ပူးပေါင်းဆောင်ရွက်ဖို့ ကန်-ဂျပန် ဝန်ကြီးအဆင့် ဆွေးနွေး 


