ကိုဗစ်ကူးစက်မှုများနေတဲ့ ထိုင်းမဟာချိုင် ပုစွန်ဈေးမှာ ကူးစက်ရောဂါကု ယာယီဆေးရုံသစ် ဖွင့်လှစ်

ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင် ပုစွန်ဈေးမှာ ကိုဗစ်စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ၁,၅၀၀ ကျော်ရှိတဲ့ Samut Sakhon ခရိုင်တွင်းက ပုစွန်ဈေးမှာ ကုတင် ၃၀ ဆန့် ယာယီဆေးရုံတခုကို ဒီဇင်ဘာလ ၂၅ ရက်နေ့က တည်ဆောက်လိုက်ပါတယ်။

မြန်မာလုပ်သားတွေများတဲ့ မဟာချိုင်က ပုစွန်ဈေးနဲ့ ဆက်စပ်တဲ့ COVID-19 ကူးစက်ဖြစ်ပွားသူတွေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစု ပါဝင်ပါတယ်။

SEE ALSO: စမွတ်ဆာခွန်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် တင်းကြပ်စစ်ဆေး

စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၁၁၀ ထပ်ပြီးတွေ့တာမှာ ၉၀ ကျော်က ပုစွန်ဈေးနဲ့ ဆက်စပ်နေသူတွေ ဖြစ်တယ်လို့လည်း COVID-19 အရေး တုံ့ပြန်ကိုင်တွယ်ရေးအဖွဲ့ ပြောခွင့်ရက ပြောဆိုထားပါတယ်။

“အစိုးရအနေနဲ့ အကောင်းဆုံး ဆောင်ရွက်သွားမယ့်အကြောင်း၊ အားလုံးက ပူးပေါင်းပါဝင်မယ်ဆိုရင် အခြေအနေကို ထိန်းချုပ်နိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးကလည်း ပြောဆိုထားပါကြောင်း” ဝန်ကြီးချုပ် Prayut Chan O-char က ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာပါ။

မဟာချိုင် ပုစွန်ဈေးက ယာယီဆေးရုံက ကုတင် ၃၀ ဆန့်ပြီး ဈေးတဝိုက်က သီးခြားခွဲထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကျန်းမာရေးဝန်ထမ်းတွေ အချိန်ပြည့် စောင့်ကြည့်ပေးနေပါတယ်။

လူဦးရေ သန်း ၇၀ ရှိတဲ့ ထိုင်းနိုင်ငံမှာ COVID-19 ဖြစ်ပွားသူ စုစုပေါင်း ၆,၀၂၀ ရှိပြီး သေဆုံးသူ ၆၀ ရှိပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကူးစက်မှုများနေတဲ့ ထိုင်းမဟာချိုင် ပုစွန်ဈေးမှာ ကူးစက်ရောဂါကု ယာယီဆေးရုံသစ် ဖွင့်လှစ်

---------------------------

(Unicode)




SEE ALSO: ထိုင်းနိုင်ငံ စမုတ်ဆာခွန်းပုစွန်ဈေး ကိုဗစ်ပိုးတွေ့သူတွေထဲ မြန်မာတွေပါဝင်


