ဆူဒန်နိုင်ငံ အရပ်ဘက်-စစ်ဘက် အာဏာခွဲဝေရေး သဘောတူ

Sudan's Head of Transitional Military Council, Lieutenant General Abdel Fattah Al-Burhan, talks to Ethiopia's Prime Minister Abiy Ahmed during the signing of the power sharing deal, that paves the way for a transitional government, and eventual elections,

ဆူဒန်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး စစ်ကောင်စီနဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကြား အာဏာခွဲဝေရေး သမိုင်းဝင် သဘောတူညီချက်ကို မြို့တော် Khartoum မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဆူဒန်နိုင်ငံမှာ အရပ်သား ဦးဆောင်တဲ့ အစိုးရတရပ် ဖွဲ့စည်းရေး ရွေးကောက်ပွဲတွေ မကျင်းပမီ သုံးနှစ်တာ ကာလကို ဦးဆောင်မယ့် စစ်တပ်နဲ့ အရပ်ဘက် ပူးတွဲ ကောင်စီ တရပ် ဖွဲ့စည်းရေး အတွက် အခု သဘောတူညီချက်နဲ့ လမ်းပွင့်သွားစေပါတယ်။ အကျဉ်းရုံး လက်မှတ်ရေးထိုးခဲ့ကြပြီး မြို့တော် Khartoum တဝန်းမှာတော့ အောင်ပွဲခံ အခမ်းအနားတွေ နာရီနဲ့ချီ ကျင်းပခဲ့ကြပါတယ်။

စနေနေ့ သဘောတူညီချက်ဟာဆိုရင် အစိုးရသစ် တရပ် ဖွဲ့စည်းရေး အရပ်သားတွေရဲ့ ဆန္ဒပြပွဲ အောင်မြင်မှု အဖြစ် သတ်မှတ်ခဲ့ကြပြီး ဆူဒန် နိုင်ငံသားတွေက အလံတွေ ဝှေ့ယမ်းပြီး ကြွေးကြော်သံတွေလည်း သံပြိုင် ဟစ်အော်ခဲ့ကြပါတယ်။ Khartoum မြို့လယ်က အစိုးရ ခန်းမ အပြင်ဘက်မှာလည်း လူပေါင်းများစွာက ဂုဏ်ပြု ကြွေးကြော်ခဲ့ကြပါတယ်။ သမ္မတဟောင်း Omar al-Bashir ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပထမဆုံး ဆန္ဒပြခဲ့တဲ့ Atbara မြို့က ဒေသခံတွေလည်း အောင်ပွဲခံဖို့ အတွက် ကီလိုမီတာ ၃၀၀ ဝေးတဲ့ မြို့တော် Khartoum ကို ရောက်ရှိလာကြပြီး ဒီလူတွေကို ကြိုဆိုနှုတ်ဆက်ဖို့ လူပေါင်း ရာချီပြီး ရထားဘူတာရုံကို သွားခဲ့ကြပါတယ်။

စနေနေ့က အခြေခံ ဥပဒေဆိုင်ရာ ကြေညာစာတမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အတွက် ဆူဒန် ပြည်သူတွေကို ဂုဏ်ပြုပါကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားပါတယ်။ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ထွက်လာရေးနဲ့ ဆူဒန် ပြည်သူ အားလုံးရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးမယ့် အစိုးရ တရပ် ထွက်ပေါ်လာရေး ဆူဒန် ပြည်သူတွေရဲ့ ကြိုးပမ်းမှုကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ထောက်ခံသွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ရေးသားခဲ့ပါတယ်။

Your browser doesn’t support HTML5

ဆူဒန်နိုင်ငံ အရပ်ဘက်-စစ်ဘက် အာဏာခွဲဝေရေး သဘောတူ