COVID ကူးစက်မှု မြင့်လာတဲ့ အမေရိကန် တောင်ပိုင်းအရေး စိုးရိမ်ဖွယ်ဖြစ်

တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့မှာ ကားမောင်းလာသူတဦးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ စစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (ဇွန် ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

သမ္မတ Donald Trump က လုံးဝအန္တရာယ်မရှိပါဘူးလို့ ပြောဆိုခဲ့တဲ့ကြားကပဲ အမေရိကန်နိုင်ငံတွင်း အထူးသဖြင့် တောင်ပိုင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုအသစ်တွေ သိသိသာသာ တိုးလာတဲ့အတွက် စိုးရိမ်စရာ ထပ်ဖြစ်လာကြောင်း သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အရီဇိုးနားပြည်နယ် Phoenix မြို့တော်ဝန် Kate Gallego ကတော့ လူဦးရေ ၁.၇ သန်းရှိတဲ့ သူတို့မြို့မှာ ကိုဗစ်ကူးစက်ထားသူပေါင်း ၅၉,၀၀၀ ရှိပြီး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာတင် အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၅၀,၀၀၀ ကျော် စံချိန်တင်များခဲ့ပြီး အများစုဟာ မတ်လနဲ့ ဧပြီလတွေတုန်းက ကူးစက်မှု အကြီးအကျယ် မရှိခဲ့တဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ဖြစ်ပါတယ်။

တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ စနေနေ့ အမေရိကန် လွတ်လပ်ရေးနေ့က တရက်တည်း ကိုဗစ်ကူးစက်မှုအသစ် ၁၁,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှာစိုးလို့ မြို့ကြီးအတော်မျာများမှာ လွတ်လပ်ရေးနေ့ပွဲ အစီအစဉ်တွေ ဖျက်သိမ်းခဲ့ကြတဲ့ကြားက ခုလို ကူးစက်မှုတွေ ရှိနေတာပါ။

SEE ALSO: အမေရိကန်မှာ တရက်အတွင်း ရောဂါကူးစက်မှု စံချိန်တင်တိုးများ

တက္ကဆက်စ်ပြည်နယ် Harris County မှာတော့ စနေနေ့တရက်တည်း ကူးစက်မှုအသစ် ၃၅,၀၀၀ လောက်ရှိပါတယ်။

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ သမ္မတ Donald Trump ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မကြာခင်မှာ ရလာတော့မယ်လို့ ဆက်ပြီး မျှော်လင့်နေပါတယ်။

Your browser doesn’t support HTML5

COVID ကူးစက်မှု မြင့်လာတဲ့ အမေရိကန် တောင်ပိုင်းအရေး စိုးရိမ်ဖွယ်ဖြစ်

-------------------------------

(Unicode)






SEE ALSO: COVID-19 ကူးစက်မှု တိုးလို့ အမေရိကန်နဲ့ အိန္ဒိယ ကန့်သတ်ချက်တွေ ပြန်ချ

