အမေရိကန် စစ်ပြန်များအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးနေတဲ့ တာ၀န်ထမ်းခွေးများ​​​​​​​

စစ်မှုထမ်းဟောင်းတွေဖြစ်ကြတဲ့ တပ်ကြပ်ကြီး Timothy Siebenmorgen (ဝဲ) နဲံ ရေတပ်တပ်ကြပ်ကြီး Mark Atkinson တို့နဲ့ သူတို့အတွက် စိတ်ဒဏ်ရာသက်သာရေး တာဝန်ထမ်းနေတဲ့ခွေးများ။ (နိုဝင်ဘာ ၇၊ ၂၀၂၄)

စစ်မြေပြင်နဲ့ ဆက်စပ်နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့ စစ်ပြန်တွေကို စိတ်ဒဏ်ရာကုစားပေးဖို့ တာဝန်ထမ်းခွေးတွေနဲ့ အကူညီပေးနေတဲ့ အစီအစဉ်ကို အမေရိကန်နိုင်ငံ Kansas ပြည်နယ်အခြေစိုက် The Battle Within အဖွဲ့ က ဆောင်ရွက်နေပါတယ်။

ဒီအဖွဲ့ရဲ့ Dogs 4 Valor သူရသတ္တိပြောင်မြောက်သူတွေအတွက် တာဝန်ထမ်းခွေး အစီအစဉ်ကနေ Kansas City ဧရိယာတဝိုက် အငြိမ်းစား စစ်မှုထမ်းဟောင်းတွေနဲ့ စစ်မြေပြင်မှာ တာဝန်ထမ်းခဲ့သူ တွေအတွက် ၀န်ဆောင်မှုပေးနေကြတာဖြစ်ပါတယ်။ စစ်ပြန်တွေခံစားရတဲ့ စိတ်ဓာတ်ကျမှု၊ စိုးရိမ်ပူပန်စိတ်နဲ့ တခြား PTSD စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ တာဝန်ထမ်းခွေးလေးတွေက ကူညီပေးနေတာပါ။

PTSD စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန်ခံစားရတဲ့ စစ်ပြန်တွေအနေနဲ့ အပြင်လောကနဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်လာတတ်ကြတာပါ။ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရပြီး အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲ လူတွေနဲ့ ဝေးရာမှာနေလေ့ရှိတဲ့စစ်ပြန်တွေကို လေ့ကျင့်သင်ကြားပေးထားတဲ့ တာဝန်ထမ်းခွေးတွေက စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုပေးနိုင်သလို အဖော်အဖြစ် ကူညီပေးပါတယ်။

အခမဲ့ဆောင်ရွက်ပေးနေတဲ့ ဒီအစီအစဉ်မှာ တာဝန်ထမ်းခွေးလေးတွေက စိတ်ဒဏ်ရာခံစားနေရတဲ့ စစ်ပြန်တွေစိတ်ဖိစီးမှုတွေလျော့ကျဖို့နဲ့ သူတို့ကို အပြင်လောကနဲ့ ပြန်ပြီးထိတွေ့ဆက်ဆံလာနိုင်အောင် ကူညီဖို့ ရည်ရွယ်တယ်လို့ အစီအစဉ်ဦးဆောင်သူတွေက ပြောပါတယ်။

Your browser doesn’t support HTML5

အမေရိကန် စစ်ပြန်များအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးနေတဲ့ တာ၀န်ထမ်းခွေးများ