ရုရှား အတိုက်အခံ လှုပ်ရှားမှုတွေ Navalny ဆက်လုပ်မည်
Your browser doesn’t support HTML5
ရုရှား အတိုက်အခံ ခေါင်းဆောင် Alexey Navalny ဆိုက်ဘေးရီးယားမှာ မဲဆွယ် စည်းရုံးရေးဆင်းနေတုန်း အဆိပ်ခတ်ခံခဲ့ရလို့ အသက်အန္တရယ်နဲ့ ရင်ဆိုင်ခဲ့ရတာ အခု ၂ လတင်းတင်း ပြည့်ခဲ့ပါပြီ။ ဂျာမနီမှာ ဆေးကုရင်း ပြန်ပြီး နာလံထူလာချိန်မှာတော့ နိုင်ငံရေးတာဝန်တွေရှိနေတဲ့ အမိမြေ ရုရှားကိုပဲ ပြန်မယ်လို့ပြောပါတယ်။