အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ အရင်က ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး Donald Trump နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ တက်ရောက် မိန့်ခွန်းပြောကြားကြပြီး Trump ကို ထောက်ခံခဲ့ကြပါတယ်။
ဒုတိယနေ အဓိက ဆောင်ပုဒ်က အမေရိကန်ပြည်ထောင်စုကို ဘေးကင်းလုံခြုံမှု ရှိအောင် ပြန်လုပ်ရေး ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး ကိစ္စက သမ္မတဟောင်း Trump ရဲ့ မဲဆွယ်စည်းရုံးပွဲ အဓိက နိုင်ငံ ရေးမူဝါဒတခု ဖြစ်သလို ၂၀၁၅ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ ရီပတ်ဘလီကန်ပါတီတွင်း အင်အားစုစည်းမှု ရရှိစေခဲ့တဲ့ မူဝဒါလည်း ဖြစ်ပါတယ်။ သမ္မတ Joe Biden လက်ထက်မှာ နယ်ခြားကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူတွေ ပိုတိုးလာတယ်ဆိုပြီး ရီပတ်ဘလစ်ကန်ပါတီဘက်က ဝေဖန်ပြောဆိုနေပါတယ်။
မနေ့က ပါတီညီလာခံမှာ သမ္မတဟောင်း Trump နဲ့ ပါတီတွင်း သမ္မတလောင်းဖြစ်ရေး အဓိက ယှဉ်ပြိုင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Nikki Haley လည်း ပါဝင်ပါတယ်။ Donald Trump သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ကာလမှာ စစ်ပွဲတွေ မဖြစ်အောင် တားဆီးနိုင်ခဲ့တယ်ဆိုပြီး သမ္မတ Joe Biden ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဝေဖန်သွားပါတယ်။
Your browser doesn’t support HTML5
Your browser doesn’t support HTML5