၂၀၁၇ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီကြီးတွေက အခါနှစ်တွေလိုမဟုတ်ပဲ ရေကစားမဏ္ဍပ်တွေ တည်ဆောက်ခြင်း မရှိတာဟာ ကုမ္ပဏီ အတွက် တနှစ်တာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပေးခဲ့ကြသူတွေ သင်္ကြန် ကာလမှာ ပျော်ရွှင်ခွင့် ဆုံးရှုံးကြရတယ်လို့ အနုပညာရှင်တွေနဲ့ သင်္ကြန်မှာ ပါဝင် ဆင်နွဲကြတဲ့ လူငယ်တွေက သုံးသပ်ကြပါတယ်။ တချိန်ထဲမှာပဲ အဲဒီ ကုမ္ပဏီ မဏ္ဍပ်ကြီးတွေ မရှိတော့တဲ့အတွက် အဲဒီ မဏ္ဍပ်တွေကို မှီခိုပြီး စီးပွားလုပ်ကိုင် စားသောက်သူတွေ အတွက်လည်း နစ်နာစေတယ်လို့ မြင်ကြသူတွေလည်း ရှိပါတယ်။ အပြည့်အစုံကိုတော့ အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
Your browser doesn’t support HTML5