မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရေနံ လက်ယက်ယက်တွင်း တူးသူတွေ ထံက ကောက်ယူ ရရှိခဲ့တဲ့ ဘဏ္ဍာငွေ ကျပ် ၇ ဘီယံခွဲ နီးပါးကို တာဝန်ရှိသူတွေက တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် မသုံးပဲ ပျောက်ဆုံးနေတဲ့ ကိစ္စကို ပြည်ထောင်စု အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ကနေ စုံစမ်း စစ်ဆေးနေကြောင်း လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။ စုံစမ်း စစ်ဆေးမှုတွေ အရ ပေါ်ထွက်လာတဲ့ ရလဒ်အပေါ် မူတည်ပြီး အဲဒီ ဘဏ္ဍာငွေတွေ ပြန်ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီအကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
Your browser doesn’t support HTML5