ကပ်ဘေးကာလ လွတ်လပ်စွာ သတင်းယူခွင့်ပေးဖို့ အစိုးရတွေကို ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres. (ဖေဖော်ဝါရီ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာ့ကပ်ရောဂါဘေး ကြုံတွေ့နေချိန်မှာ သတင်းသမားတွေ သတင်းရယူတဲ့အလုပ်ကို လုပ်နိုင်ဖို့ နိုင်ငံ့အစိုးရတွေအနေနဲ့ အာမခံချက်ပေးဖို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။

“ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေတာနဲ့အမျှ ဘေးဥပဒ်ဖြစ်စေတဲ့ ကျန်းမာရေး အကြံပေးချက်တွေနဲ့ သတင်းမှားတွေကစလို့ လုပ်ကြံဖန်တီးတဲ့ ဇာတ်လမ်းတွေအဆုံး သတင်းတွေ ဒုတိယကပ်ဘေးကြီးလို ပျံ့နှံ့ထွက်ပေါ်လို့နေပါတယ်။ သတင်းဌာနတွေကတော့ ဒီလို သတင်းမှားတွေ ကို လူတွေမယုံအောင် လုပ်ပေးနိုင်ပါတယ်။ သတင်းဌာနတွေက သိပ္ပံဆိုင်ရာ အချက်အလက်တွေကို ကိုးကားပြီး စနစ်တကျ စိစစ်ပြီး အချက်အလက်တွေကို အခြေခံတဲ့ သတင်းတွေနဲ့ သုံးသပ်ချက်တွေ ပေးပါတယ်” လို့ ကုလအတွင်းရေးမှူးချုပ် Guterres က ဗွီဒီယိုကနေတဆင့် ပြောသွားခဲ့တာပါ။

SEE ALSO: သတင်းထောက်တွေကို မဖမ်းဖို့ သတင်းလွတ်လပ်ခွင့်နေ့မှာ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

ဒါပေမယ့် ကပ်ရောဂါ စဖြစ်ချိန်ကစလို့ သတင်းသမားတွေအပေါ် တားမြစ်ပိတ်ပင် ကန့်သတ်တာတွေနဲ့ အပြစ်ပေး အရေးယူတာတွေ ပိုများလာတယ်လို့လည်း သူက ပြောပါတယ်။ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ အသွားအလာ ကန့်သတ်တာတွေ လိုအပ်ပေမယ့် သတင်းသမားတွေ သတင်းမယူနိုင်လောက်အောင် ဒါကို အလွဲသုံးစား မလုပ်သင့်ဘူးလို့လည်း သူက ပြောပါတယ်။

မတ်လ ၁ ရက်နေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ သတင်းသမား ၅၅ ယောက်ထက်မနည်း သေဆုံးခဲ့ရကြောင်း ဂျနီဗာမြို့အခြေစိုက် သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု PRESS EMBLEM CAMPAIGN အဖွဲ့က ပြောပါတယ်။

Your browser doesn’t support HTML5

ကပ်ဘေးကာလ လွတ်လပ်စွာ သတင်းယူခွင့်ပေးဖို့ အစိုးရတွေကို ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း

------------------------------

(Unicode)


(Zawgyi / Unicode)



SEE ALSO: မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ဘာကြောင့်ကျဆင်းနေရသလဲ

