မန်စီးတီးသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ

မန်စီးတီးအတွက် ဂိုးသွင်းယူနေသည့် Aymeric Laporte (ယာမှ ဒုတိယ)။ ၂၅ သြဂုတ် ၂၀၁၈။

စနေနေ့က ယှဉ်ပြိုင်ကစားကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ပြီးခဲ့တဲ့ဘောလုံးရာသီ ချန်ပီယံ မန်စီးတီးအသင်းဟာ အဝေးကွင်း မှာ Wolves အသင်းနဲ့ တဘက် ၁ ဂိုးစီသွင်းပြီး သရေကျသွားပါတယ်။

တခြား ထိပ်တန်းအသင်းတွေဖြစ်တဲ့ အာဆင်နယ်လ်နဲ့ လီဗာပူးလ်တို့ကတော့ အိမ်ကွင်းတွေမှာ အသီးသီးအနိုင်ရပါတယ်။ အာဆင်နယ်လ်က ဝက်စ်ဟမ်းမ်ကို ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး လီဗာပူးလ်က ဘရိုက်တန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတာပါ။

ကျန်ပွဲတွေမှာ လက်စ်တာ စီးတီးက ဆောက်သမ်ပ်တန်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့နို င်ပြီး ဘုန်းန်မောက်သ်က အိမ်ကွင်းမှာ အဲဗာတန်နဲ့ တဘက် ၂ ဂိုးစီ သရေ၊ ကားဒစ်ဖ် စီးတီးက အဝေးကွင်းမှာ ဟပ်ဒါစ်ဖီးလ်ဒ်နဲ့ ဂိုးမရှိ သရေကျပါတယ်။

(ဒီကနေ့) တနင်္ဂနွေနေ့မှာ ဝတ်တ် ဖို့ဒ်နဲ့ ခရစ္စတယ်လ် ပဲလေ့စ်၊ ဖူလ်ဟမ်းမ်နဲ့ ဘန်လေ၊ နယူးကက်ဆယ်လ်နဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားဖို့ရှိပါတယ်။

မြန်မာပရိသတ်အများစု အားပေးကြတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ တနင်္လာနေ့ကျရင် စပါးအသင်းနဲ့ အိမ်ကွင်း မှာ ကန်ဖို့ရှိပါတယ်။

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ရာသီအဖွင့်ပွဲအဖြစ်ကန်ရတဲ့ လက်စ်တာ စီးတီးနဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ကပ်ပြီး အနိုင်ရပေမဲ့ ဒုတိယ ပွဲအဖြစ် အဝေးကွင်းကန်ရတဲ့ ဘရိုက်တန်နဲ့ပွဲ မှာတော့ ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးထားတာကြောင့် နည်းပြ မော်ရင်ညိုအပေါ် မန်ယူပရိသတ်တွေ အတော်လေး မကျေမနပ်ဖြစ် ပြောဆိုသံတွေ ထွက်ထားပါတယ်။

လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ၃ ပွဲကစား ၃ ပွဲနိုင်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံး မှာ ရပ်တည်နေပါတယ်။

Your browser doesn’t support HTML5

မန်စီးတီးသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ