ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ရေးနဲ့ ယာယီအပစ်ရပ်ရေး အစ္စရေးနဲ့ ဟာမတ်စ်အကြား မကြာခင် သဘောတူချက် ရနိုင်တယ်လို့ ဟာမတ်စ်ခေါင်းဆောင်က ပြောပါတယ်။
ဟာမတ်စ်တွေ အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဖမ်းထားတဲ့ ဓားစာခံတွေပြန်လွှတ်ရေး ကာတာနိုင်ငံကတဆင့် အစ္စရေး၊ အမေရိကန်တို့နဲ့ ဆွေးနွေးနေတာကနေ ပြည်ပရောက် ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh က ခုလိုပြောလိုက်တာပါ။ ဟာမတ်စ်နဲ့ သီတင်းပတ်တွေချီကြာဆွေးနွေးခဲ့တာကနေ အခုလိုဖြစ်နိုင်တာကို ကာတာရောက်နေတဲ့ ဟာမတ်စ်ခေါင်းဆောင် Haniyeh အပြင်၊ နောက်ထပ် ဟာမတ်စ်အဆင့်မြင့် အရာရှိ Izzat Rishq ကလည်း နာရီပိုင်းအတွင်း သဘောတူမှုရနိုင်တယ်လို့ ဒီနေ့ပဲ ပြောပါတယ်။
အခုလို ဓားစာခံတွေပြန်လွှတ်ရေးဆွေးနွေးနေတာကနေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပို့ပေးနိုင်ရေး ယာယီအပစ်အခတ်ရပ်စဲရေးရဖို့ပါ ဆွေးနွေးနေခဲ့ကြတာလို့ နီးစပ်သူတွေက ပြောထားပါတယ်။ အလဲအလှယ်အနေနဲ့ အစ္စရေးဘက်က ဖမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးရမှာလဲ ဖြစ်တယ်လို့ ဟာမတ်စ်ခေါင်းဆောင်တွေက ပြောပါတယ်။
အရင်သီတင်းပတ်တွေထဲက ဓားစာခံတွေလွှတ်နိုင်ကြောင်း ဟာမတ်စ်ဘက်က ပြောနေပေမယ့်လည်း အစ္စရေးဘက်က ထိုးစစ်အရှိန်မြှင့်လာချိန်မှာ ဓါးစာခံတွေ ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းထွက်လာတာလို့ စောင့်ကြည့်အကဲခတ်သူတွေက ပြောနေပါတယ်။
အရင်တုန်းကတော့ ဟာမတ်စ်ဘက်က အမေရိကန်အပါအဝင် ဓားစာခံ ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး၊ အစ္စရေးကလည်း ဓားစာခံတစ်ဦးကို ကယ်တယ်ခဲ့နိုင်ပါတယ်။ တချိန်ထဲမှာ အစ္စရေးစစ်တပ်ဟာ ဂါဇာထိုးစစ်ကို ပိုတိုးလုပ်နေပြီး၊ ဒီနေ့မှာပဲ လူထူထပ်တဲ့ Jabaliya ဒုက္ခသည်စခန်းထဲမှာ ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
Your browser doesn’t support HTML5