ပုပ်ရဟန်းမင်းကြီး ဆေးရုံက ဆင်းပြီ

ရောမမြို့ Gemelli ဆေးရုံမှာ ခွဲစိပ်မှုခံယူပြီး ပြန်ဆင်းလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ် (ဇွန် ၁၆၊ ၂၀၂၃)

အီတလီနိုင်ငံ ရောမမြို့ ဆေးရုံကြီးမှာ ၉ ရက်ကြာ တက်ရောက်ကုသမှုယူခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ် (Francis) ဟာ ဒီနေ့ ဆေးရုံကဆင်းပြီး ဗာတီကန် (Vetican) နန်းတော်ကို ပြန်ရောက် အနားယူနေပါတယ်။ သက်တော် ၈၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဆေးရုံက ဆင်းချိန် ဆေးရုံအပြင်မှာ လာရောက် ဆုတောင်း နှုတ်ဆက်သူတွေကို ဘီးတပ်ကုလားထိုင်ပေါ်ကနေ ပုပ်ရဟန်းမင်းကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ပြနှုတ်ဆက်ခဲ့ပါတယ်။

ဆေးရုံက ဆင်းပြီးပြီးချင်းမှာပဲ ရောမမြို့က St. Mary Major (စင်တာမာရီယာ မဂျော်ရေး) ဘုရားကျောင်းကို သွားရောက် ဝတ်ပြုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ နိုင်ငံခြားခရီးကနေ ပြန်လာတိုင်း ဒီဘုရားကျောင်းကို သွားရောက် ဝတ်ပြုလေ့ရှိပါတယ်။ ဇွန်လ ၇ ရက်နေ့က အူကျရောဂါအတွက် ခွဲစိတ်ကုသမှု ခံယူထားတဲ့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ပြန်ကောင်းလာပြီမို့ ခရီးထွက်လို့ရတဲ့ အခြေအနေဖြစ်ပါတယ်လို့ သူ့ကို ခွဲစိတ်ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးက သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ တလခွဲအကြာ သြဂုတ်လဆန်းကျရင် ပေါ်တူဂီကို ခရီးထွက်ဖို့ စီစဉ်ထားသလို၊ သြဂုတ်လကုန်ကျရင်လည်း မွန်ဂိုးလီးယားနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

Your browser doesn’t support HTML5

ပုပ်ရဟန်းမင်းကြီး ဆေးရုံက ဆင်းပြီ