ဒီနှစ် ပင်လုံမြို့မှာကျင်းပမယ့်နှစ် ၇၀ ပြည့် ပြည်ထောင်စုပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ရှိသလို ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးသားချင်းတွေလည်း ဖိတ်ကြားထား ပါတယ်။ ရောက်ရှိနေကြတဲ့ တိုင်းရင်းသားခေါင်းဆောင် ကြီးတွေရဲ့ဆွေမျိုးတွေဟာ အခမ်း အနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက် ကြောင်း ပြောဆိုကြပြီး တဆက်တည်းမှာပဲ ပင်လုံကတိကဝတ်တွေ အကောင်အထည်ဖော်ရေးကိုလည်း မျှော် လင့်စောင့်စား နေကြောင်းပြော ကြပါတယ်။ ပင်လုံမြို့မှာရောက်ရှိ သတင်းယူနေတဲ့ ဗီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ဒီအကြောင်းသတင်း ပို့ထားပါတယ်။
ဟုတ်ကဲ့ပါ။ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရယူရာမှာ တောင်တန်းဒေသ နဲ့ မြေပြန့်ဒေသ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတဲ့ ပင်လုံ စာချုပ် ချုပ်ဆိုတာက ခုဆိုရင် နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုတဲ့နေ့ကို အထိမ်း အမှတ်ပြု သတ်မှတ်တဲ့ ပြည်ထောင်စုနေ့ နှစ် ၇၀ပြည့် အခမ်းအနားကို သမိုင်းဝင် ပင်လုံမြို့မှာ မနက်ဖြန် ကျင်းပမှာဖြစ်သလို ဒီအခမ်းအနားကိုလည်း စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးသားချင်းတွေကို အလေးအမြတ်ထား ဖိတ်ကြားထားပါတယ်။
ဒါဟာ ပထမဆုံး ဖိတ်ကြားတာဖြစ်ပြီး ဒီလို ဖိတ်ကြားတဲ့အပေါ် မြန်မာပြည်ရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ သမီး စဝ်ဟေမာသိုက်က ခုလို ပြော ပါတယ်။
“ အန်တီအနေနဲ့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀မှာ အဖေတို့ချုပ်ခဲ့တဲ့ စာချုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ မြောသွားတာပေါ့။ ဒီ တောင်တန်းအတွက် အခွင့်အရေးတွေ ဘာတခုမှ မရခဲ့ဘူးပေါ့။ မရခဲ့တော့ အန်တီတို့ အနေနဲ့ကတော့ ဒီအတိုင်းပဲ ဒီနှစ်ပေါင်း ၇၀ နေလာ ခဲ့တယ်။ အခုကျတော့ အတိုင်ပင်ခံပုဂ္ဂိုလ်က သူက သံယောဇဉ်ကြီးတာပေါ့ သူ့အဖေနဲ့ သူသံယောဇဉ်ရှိတော့ သံယောဇဉ်ကြီးတော့ - သူ့အဖေနဲ့အတူ စာချုပ်ချုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း သူသံယောဇဉ်ကြီးတော့ အန်တီတို့ကို ဖိတ်တာပေါ့နော်။ သူတွေ့ လည်း တွေ့ချင်တယ်လို့ ဖိတ်တော့ အန်တီကတော့ အတိုင်းမသိ ဝမ်းသာပါတယ် ”
ပြည်ထောင်စုကြီး ခိုင်မာဖို့အတွက်ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ပြီး ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင် ငြိမ်းချမ်းရေး ရရှိမယ်လို့လည်း စဝ်ဟေမာသိုက်က မျှော်လင့်ထားပါတယ်။
“ တိုင်းရင်းသားတွေက သူတို့ကနော် - တိုင်းရင်းသား သူတို့အပေါ်မှာ အခွင့်အရေးတွေ ပိတ်ပင်နေတဲ့ အတွက်ကြောင့်မို့ ဒါမကြေနပ်လို့ ဖြစ်ကြတဲ့ ကိစ္စပဲ။ သူတို့ ငြိမ်းချမ်းရေး ရသွားရင်တော့ ပြည်ထောင်စုကြီးက ပိုခိုင်မာသွားမယ် အန်တီထင်တယ်။ ပင်လုံစာချုပ် မှာပါတဲ့ အချက်လက်တွေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဆောင်ရွက်ပေး ရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြည်ထောင်စုလို့ ပါးစပ် ကသာပြောတယ် တကယ့် ပြည်ထောင်စု မဟုတ်သေးဘူး ”
ပင်လုံစာချုပ် ချုပ်ဆိုရာမှာ ချင်းအမျိုးသားကိုယ်စားလှယ်ဥ ီးထောင်ဇာခုပ်ရဲ့သား နန်ကျင်ပေါင်က သူ့ဖခင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိ စကားတွေအရ မြန်မာပြည် နဲ့ပူးပေါင်းရင် ချင်းပြည်နယ်ဟာ တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ကြောင်း ပြောပါတယ်။ လက်ရှိ ချင်းပြည်နယ်ရဲ့ အခြေအနေနဲ့ သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။
“ အိန္ဒယဖက်ခြမ်းမှာနေတဲ့ ချင်းအမျိုးသားတွေက အရမ်းကိုတိုးတက်ပါတယ်။ ကျနော် တို့ဘက်ကျတော့ ပြည်နယ်ထဲမှာလည်း အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေတယ်။ လုပ်ကိုင် စားသောက်ဖို့ကလည်း ဘာမှမဖြစ်ထွန်းဘူး၊ အဲဒါကြောင့် နယ်တကာကို ရောက်တယ်။ တချို့ဆိုရင် နိုင်ငံခြားကို ရောက်ကြတယ်။ ကျနော့်အနေနဲ့ကတော့ ကျနော်တို့ ဗိုလ်ချုပ်တို့ ကြားမှာပြောခဲ့တဲ့ ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်နိုင်မှပဲ အကုန်လုံး တန်းတူညီမျှ တိုးတက်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ ချင်းတောင်ဒေ သပေါ့နော်၊ အခုဟာက ကျနော်တို့ဆီမှာ ဘာမှ တိုးတက်မှု မရှိသေးဘူး ”
ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ကချင်ကိုယ်စားလှယ်အဖြစ ်တက်ရောက်ခဲ့တဲ့ ဒူဝါးဇော်ရစ်ရဲ့ ဇနီး ဒေါ်အယ်လ်ဂျာတောင်ကတော့ လွတ်လပ်ရေး ရပြီးနောက်မှာ ပင်လုံစာချုပ်အတိုင်း အကောင်အထည်ဖော်မယ်လို့ မျှော်လင့်ခဲ့ကြောင်း အခုလို ပြောပါတယ်။
“ ကျမတို့ ဒီပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့နောက်၊ ကျမတို့ ကြားရတာပေါ့နော် .. ဆက်လက်ပြီးတော့မှ မေမြို့ inquiry ထဲမှာလဲပါတယ် နောက်တခါ တိုင်းပြည်ပြုလွှတ်ေ တာ်မှာလည်း ပါတယ်တဲ့ .. ဆိုတဲ့အခါကျတော့ ဒီပင်လုံစာချုပ်မှာ ပါတဲ့အတိုင်း သူတို့ မှတ် ထားတယ် နောက်တခါ တိုင်းပြည်ပြုလွှတ်တော်မှာလည်းပဲ သူက ဗိုလ်ချုပ်ရဲ့ လမ်းညွှန် ၇-ချက်ရှိတယ်လေ အဲဒီထဲမှာ ၃ နဲ့ ၄ကို သူက အဓိကထား ပါတယ်။ ၃ ကဆိုလို့ရှိရင် လူမျိုးစုံပေါ့နော်၊ လူမျိုးစုံ ကျမတို့ဟာ လူမှုရေး နိုင်ငံရေး ပညာရေး စသည်ဖြင့် အားလုံးဟာ တန်းတူညီမျှ ရရှိစေရ မယ် .. လုံခြုံစေမယ်လို့ ပြောထားပါတယ်။ ၅ မှာကျတော့ အဲ သည်လိုပြော ထားတဲ့ အတွက်ကြောင့်မို့ ကျမတို့ လူမျိုးစုအဖွဲ့တွေဟာ ဆိုလို့ ရှိရင်ပေါ့လေ ၊ တောင်ပေါ်သားတွေဟာ - အော် ကျမတို့အတွက်တော့ ခိုင်လုံသွားပြီလို့ ယုံကြည်မှု ရှိခဲ့ကြပါတယ်။ အဲဒီတော့ ကျမတို့တွေကလည်း ဒါကို မျှော်လင့်နေတာပေါ့လေ ”
ဒီမျှော်လင့်ချက်တွေကို အခုချိန်ထိ စောင့်စားနေဆဲဖြစ်တယ်လို့လည်း ဒေါ်အယ်လယ်လ် ဂျာတောင်က ဆက်ပြောပါတယ်။
“လွတ်လပ်ရေးရပြီးနောက်မှာ ဒါတွေအားလုံးကို အကောင်အထည်ဖေါ်မယ်လို့ ပြောထား တဲ့ အတွက် အဲဒါကို ကျမတို့စောင့်နေတဲ့အခါ ကျတော့ အဲဒီအချိန်အတွင်း မြန်မာပြည် ကြီးမှာ သူပုန်တွေအများကြီး ထခဲ့တယ်လေ။ အဲလိုသူပုန်တွေကလည်းများ၊ တခါ တရုတ်တွေကလည်း ဝင်လာတယ် ဆိုတဲ့အခါကျတော့ .. သူ မလုပ်နိုင်တဲ့အခါကျတော့ ကျမတို့ကိုလဲ.. ကဲ နေပါဦးပေါ့နော်။ ဆိုပြီးတော့မှ စောင့်စားခိုင်းပါတယ်။ ဒါနဲ့ပဲ ကျမ တို့လည်း စောင့် .. စောင့်နေရင်းနဲ့ နောက်ဆုံးတော့ဟို အိမ်စောင့်အစိုးရ လက်ထက် ရောက် သွားတာပေါ့ နော်။ အိမ်စောင့်အစိုးရ ကျတော့လည်းပဲ ကျမတို့ ကလည်းပဲ ရနိုး ရနိုးနဲ့ပဲစောင့်နေတာ အဲဒီကနေပြီးတော့ နောက်တော့တခါ ဆိုရှယ်လစ် တည်ဆောက်မယ် ဆိုပြီးတော့ .. ကဲဒါဆိုလည်း ကျမတို့အတွက်လည်း ပါမှာပဲဆို ပြီးတော့မှ စောင့်နေကြတာ ဒါပေမယ့် .. နောက်ဆုံးကျ ကျမတို့ ဒီမိုကရေစီနိုင်ငံသာ ဖြစ် သွားပါတယ် ၊ ကျမတို့ရပိုင်ခွင့် အခွင့်အရေးက တခုမှ မရသေးတဲ့အတွက်ကြောင့်မို့ ဒီနေ့ ထိ စောင့်မျှော် ပါတယ်။ ဒါပေမယ့် စိတ်တော့မကုန်သေးဘူး။ တနေ့သောအခါကျရင် ဒါဟာ ပြန်လည်ပြီးတော့မှ အကောင်အထည်ဖေါ်မှာပဲ ဆိုပြီးမှ ကျမတို့က မျှော်လင့်ပါတယ် ”
တခြားတက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုး သားချင်းတွေ ကလည်း နှစ် ၇၀ပြည့် ပြည်ထောင်စုအခမ်းအနားကို ဖိတ်ကြားလို့ ဝမ်းမြောက်ေ ကြာင်း ပြောဆိုကြသလိုအခုလို ပြည်ထောင်စုနေ့ကို တခမ်းတနား ပြန်လည်ကျင်းပ လာတဲ့နောက်မှာ ပင်လုံ စာချုပ်ကို အကောင်အထည် ဖော်ဆောင်ဖို့ကိုလည်း မျှော် လင့်ကြောင်း ပြောဆိုကြပါတယ်။
ပြည်ထောင်စုနေ့အခမ်းနားကို ပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်၂၃ ဦးအနက်မှာ ဒူးဝါးအမ်ခွန်ဖုန်းရဲ့ ဆွေမျိုးသားချင်းတွေ ကလွဲလို့ ကျန်မိသားစုဝင်တွေ ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5