(Zawgyi / Unicode)
ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွေက စွန့်ပစ်ထားတဲ့ မြေစာပုံတွေထဲမှာ ကျောက်ရှာရင်း မြေပြိုကျလို့ သေဆုံးရသူ ၁၇၄ ဦးကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပေမယ့် ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရဲမင်းထွန်းက စုစည်း တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ စုပေါင်းလုပ်ကွက်ဟောင်း နေရာတွေမှာ ကျောက်မျက်ကုမ္ပဏီကြီးတွေ ရှာဖွေပြီးနောက် စွန့်ပစ်ထားတဲ့ မြေစာပုံတွေကြား ကျောက်ရှာကြသူတွေ မြေပြိုကျလို့ သေဆုံးရတာပါ။ စနေနေ့အထိ သေဆုံးသူ ၁၇၄ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိထားပြီး ဖြစ်ပေမယ့် မြေပြိုကျပြီး ဖြစ်သွားတဲ့ ရွှံ့နွံအိုင်ကြီးထဲမှာ လူဘယ်နှစ်ယောက် ပိတ်မိ ပျောက်ဆုံးနေလဲဆိုတာ မသိရဘူးလို့ ဒေသခံ မီးသတ်ဌာနအရာရှိ ဦးကျော်ဝင်းဆွေက AFP သတင်းအေဂျင်စီကို ပြောပါတယ်။
“ဒါ အခုရှာတွေ့နေတာတောင်မှ ၂၀၀ နီးပါး ရှိနေတဲ့အတွက် ရှာမတွေ့ဘဲ မြေအောက်မှာ မြုပ်နေနိုင်သေးတဲ့ ရေပေါ်မပေါ်ဘဲနဲ့ အောက်မှာ ကျန်ရှိနေမှာလည်း တချို့တဝက်တော့ ရှိဦးမယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။”
SEE ALSO: ဖားကန့်ဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ထိရောက်မှုအပေါ် မေးခွန်းထုတ်တာတွေ ရှိနေကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်တွေရဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုအတွင်း ဒဏ်ရာရသူ ၅၄ ဦးကိုတော့ ဖားကန့်နဲ့ ဝှေဝါး တိုက်နယ်ဆေးရုံတွေကို ပို့ဆောင် ကုသပေးနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပေမယ့် ဒီလူတွေရဲ့ ဒဏ်ရာရရှိမှု အခြေအနေတွေကိုတော့ မသိရပါဘူး။ သေဆုံးသူတွေကိုတော့ သောကြာနဲ့ စနေနေ့က အစုလိုက် မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့လည်း ဒေသခံ တာဝန်ရှိသူတဦးက AFP သတင်းအေဂျင်စီကို ပြောပါတယ်။ သေဆုံးသူတချို့ကို ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ခဲ့ပေမယ့်လည်း မခွဲခြားနိုင်ခဲ့သူတွေလည်း ရှိပါတယ်။ မြေပြိုကျမှုအတွင်း တူဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ဒေါ်ကြည်က အခုလိုပြောပါတယ်။
“အဆင်မပြေလို့ ဒီမှာလာလုပ်တာ။ ပါသွားတော့လည်း ဘယ်တတ်နိုင်မလဲ။ သေတာလည်း သူတယောက်တည်းမှ မဟုတ်တာဘဲ။”
အသက်ဆုံးရှုံးသွားသူ အများစုဟာ ရခိုင်ပြည်နယ်က လာရောက်လုပ်ကိုင်နေတဲ့ ကျောက်သမားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်သူတွေက မိုးမကျခင်မှာ အကြီးစား ယန္တရားကြီးတွေနဲ့ တူးဖော်ပြီးနောက် မြေစာပုံကြီးတွေ ကျန်ရှိခဲ့တာဖြစ်ပြီး အခုလို မိုးကျတဲ့ရာသီမှာ စွန့်ပစ်မြေစာပုံတွေကြား အကြွင်းအကျန် ကျောက်ရှာသူတွေ သေဆုံးရတာက မကြာခနဆိုသလို ဖြစ်နေတာပါ။ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ကြီးတွေရဲ့ စွန့်ပစ်မြေစာပုံတွေ အရေးနဲ့ ပတ်သက်လို့ အန္တရာယ် ကင်းရှင်းရေးအတွက် ဘယ်လို ဖြေရှင်းဆောင်ရွက်သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
"ပထမဆုံးကတော့ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စဖြစ်တယ်။ ဒါ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး ခက်ခဲမှုနဲ့ ပတ်သက်နေတဲ့ ကိစ္စတခု ဖြစ်တယ်။ ပြည်သူများပေါ့နော် ... တရားဝင် အလုပ်အကိုင် ရရှိရေးကို သိပ်ပြီးတော့ အလေးထားတာပါ။"
SEE ALSO: ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု သေဆုံးသူအရေအတွက် တိုးလာဒီလို အသေအပျောက်ရှိတဲ့ ကျောက်စိမ်းတွင်း မြေပြိုမှုတွေ အရင်နှစ်တွေကလည်း ဖြစ်ပွားခဲ့ဖူးပြီး ဒီနှစ် မြေပြိုမှုကတော့ မှတ်မိသမျှ ဖြစ်ရပ်တွေထဲ လူအသေအပျောက် အများဆုံးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက မြေပြိုလို့ လူ ၁၀၀ နီးပါး သေဆုံးခဲ့ရသလို ၂၀၁၉ ခုနှစ် မနှစ်ကတော့ လူ ၅၀ ဝန်းကျင် သေဆုံးခဲ့ရတာပါ။ မြန်မာနိုင်ငံဟာ တကမ္ဘာလုံးထွက်တဲ့ ကျောက်စိမ်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေတာဖြစ်ပြီး မြန်မာ့ကျောက်စိမ်းရဲ့ အဓိကဈေးကွက်က တရုတ်နိုင်ငံ ဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင်းက ကျောက်စိမ်းတွင်းတွေရဲ့ ပိုင်ရှင်တွေ ဘယ်သူတွေလဲ ဆိုတာကိုတော့ ပွင့်ပွင့်လင်းလင်း မသိရပါဘူး။
သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Global Witness ကတော့ ဒီ ကျောက်စိမ်းတွင်းကြီးတွေကို အရင် စစ်အစိုးရ အရာရှိဟောင်းတွေနဲ့ သူတို့နဲ့ နီးစပ်သူ ခရိုနီတွေ ပိုင်တာလို့ စွပ်စွဲ ကြေညာထားပါတယ်။ အခုနောက်ဆုံး ဖြစ်ရပ်ဟာ ကျောက်တူးဖော်ရေးလုပ်ငန်းမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအတွက် သတိပေးချက်တခုပါလို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကျောက်စိမ်းကရတဲ့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ရှိပေမယ့် နိုင်ငံဘဏ္ဍာအဖြစ်တော့ အနည်းအကျဉ်းသာ ရောက်သွားတယ်လို့လည်း အဲဒီ Global Witness အဖွဲ့က ပြောပါတယ်။
Your browser doesn’t support HTML5
Your browser doesn’t support HTML5
--------------------------------
(Unicode)
SEE ALSO: ဖားကန့်မြေပြိုမှု သေဆုံးသူများအတွက်ဝမ်းနည်းကြောင်း အမေရိကန်သံရုံးထုတ်ပြန်ကခငြျပွညျနယျတှငျးက ကြောကျစိမျးတှငျးတှရေဲ့ ပိုငျရှငျတှေ ဘယျသူတှလေဲ ဆိုတာကိုတော့ ပှင့ျပှင့ျလငျးလငျး မသိရပါဘူး။