တရုတ်နဲ့ Australia နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး  

သြစတြေးလျားနိုင်ငံခြားရေးဝန်ကြီး Penny Wong (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ဘေဂျင်းမြို့မှာ တွေ့ဆုံစဉ်။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

Australia နိုင်ငံခြားရေးဝန်ကြီး Penny Wong နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ဘေကျင်းမြို့ မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်ဧည့်ဂေဟာမှာ နိုင်ငံခြားရေးဝန်ကြီး ၂ ယောက်တွေ့ဆုံပွဲမှာ Australia နဲ့တရုတ်ကြား အကျိုးစီးပွါးချင်း ထိပ်တိုက်တွေ့ဖို့ အခြေခံအားဖြင့် အကြောင်းမရှိကြောင်းနဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အနှစ်ငါးဆယ်ပြည့်ကို အကြောင်းပြုပြီး ဆက်ဆံရေး ပြန်လည်စတင်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့ပါတယ်။ ဝန်ကြီး နှစ်ယောက်ဟာ ကုန်သွယ်ရေး ပိတ်ဆို့မှု၊ လူ့အခွင့်အရေး နဲ့ အဖမ်းဆီးခံ ဩစထြေးလျားနိုင်ငံသား ၂ ယောက်အကြောင်းတွေ ကို ဆွေးနွေးခဲ့ကြသလို လုံခြုံရေး နဲ့ ကြွယ်ဝရေးအတွက် အရေးကြီးတဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ နဲ့ စံထားချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးနှစ်ယောက်တွေ့ဆုံအပြီးမှာ Penny Wong က သတင်းစာဆရာတွေ ကို ပြောပါတယ်။

ဒီ ခရီးဟာ၂၀၁၉ ကတည်းကဆိုရင် ဩစထြေးလျားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရဲ့ ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဘယ်ကအစပြုလာသလဲဆိုတာကို နိုင်ငံတကာက စုံစမ်းစစ်ဆေးပေးဖို့ Australia က တောင်းဆိုခဲ့တာကြောင့် Australia ထုတ်ကုန်တွေ တရုတ်နိုင်ငံတင်သွင်းတာကို တရုတ်ကပိတ်ပင်ခဲ့တာကစလို့ ၂ နိုင်ငံကြား ဆက်ဆံရေး ပြီးခဲ့တဲ့နှစ်တွေမှာ ယိုယွင်းခဲ့ပါတယ်။ အဲဒါကြောင့် Australia နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ ၂ နိုင်ငံကြား သံတမန်ဆက်ဆံရေး သံတမန် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားတဲ့ ခရီးစဉ်လို့ သုံးသပ်နေကြပါတယ်။

Your browser doesn’t support HTML5

တရုတ်နဲ့ Australia နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး .mp3

========================

[[Unicode]]



