အမေရိကန်နိုင်ငံ၊ Oklahoma ပြည်နယ်က Oklahoma City မြို့မှာ စနေနေ့မနက် အစောပိုင်း ၇ နာရီသာသာလောက်က ပြင်းအား ၅.၆ ရှိတဲ့ ငလျင်လှုပ်သွားခဲ့တာမှာ အဆောက်အဦးတချို့ ပျက်ဆီးသွားခဲ့ပါတယ်။ ဒီငလျင်ဟာ Oklahoma ပြည်နယ်မှာ လှုပ်ဖူးတဲ့ ငလျင်တွေထဲမှာ အပြင်းဆုံးတခုလည်းဖြစ်ပါတယ်။ အခုလှုပ်သွားတဲ့ ငလျင် အခြေအနေသိရအောင် Oklahoma City မြို့မှာ ရှိနေတဲ့ မြန်မာနွယ်ဖွားတွေ ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
Oklahoma ပြည်နယ်အတွင်း Fracking လို့ခေါ် တဲ့ မြေအောက် ကျောက်ေ ကြာေ တွကြားမှာရှိတဲ့ ရေနံတွေကို ရေဖိအားနဲ့ တူးယူတဲ့လုပ်ငန်း အများဆုံး ရှိတဲ့ ဒေသြ ဖစ်တာကြောင့် အဲဒီလို ထူးယူမှု များလာတဲ့အခါမှာ ငလျင်လှုပ် သလို မြေအောက် ကျောက်ကြောတွေ တုန်လှုပ် ရွေ့လျားမှု ဖြစ်လေ့ရှိပါတယ်။
စနေနေ့က လှုပ်သွားတဲ့ ပြင်းအား ၅.၆ ရှိတဲ့ ငလျင်ဟာလည်း အဲဒီ လို မြေအောက် ကျောက်ကြောတွေကြားမှာ ရေနံတူးရာက လှုပ်လာတဲ့ ငလျင်ဖြစ်တယ်လို့ ဘူမိဗေဒပညာရှင်တွေက သုံးသပ်ကြပါတယ်။ အခု လှုပ်သွားတဲ့ ငလျင်ဟာ Oklahoma မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလက လှုပ်သွားတဲ့ အားအပြင်းဆုံး ငလျင်နဲ့ ပြင်းအားချင်း တူနေတာလည်း ဖြစ်ပါတယ်။
Oklahoma City မှာနေတဲ့ မြန်မာနွယ်ဖွား မသန့်ကတော့ ငလျင်လှုပ်တဲ့အချိန်မှာ အိပ်ပျော်နေပေမယ့် ငလျင်ကြောင့် လန့်နိုးလာတယ်လို့ ပြောပါတယ်။
“အိပ်ရာကနေ လန့်နိုးသွားတယ်။ အိမ်က တော်တော်လှုပ်နေတယ်။ နာရီကိုပြန်ကြည့်လိုက်တော့၇နာရီ ၃ မိနစ်လောက်၊ ဘာဖြစ်သလဲ ဆိုပြီးကြည့်လိုက်တော့ အိမ်က တော်တော်ရမ်းနေတယ်။ အဲဒါနဲ့ ငလျင်လှုပ်နေတယ်ဆိုပြီး လှမ်းအော်မိတယ်။ ဘာမှ ပြုတ်ကျကွဲကျတာမျိုးတော့ မရှိဘူး။ ရမ်းတာ ကတော့ တော်တော် ရမ်းသွားတယ်။ ”
Oklahoma City က နောက်ထပ် မြန်မာနွယ်ဖွားတဦးဖြစ်သူ မနန်းသင်းသင်းလတ်ကလည်း ငလျင်ကြောင့် ပျက်ဆီး ဆုံးရှုံးမှု ကြီးကြီးမားမား မဖြစ်လိုက်ဘူးလို့ ပြောပါတယ်။
“ရုတ်တရက်ဆိုတော့ နဲနဲခါသွားတယ်။ နောက်ဆက်ခါတော့ ငလျင်လှုပ်တာပဲဆိုပြီး၊ ဘာလို့လဲဆိုတော့ Oklahoma မှာက ခဏခဏ ငလျင်လှုပ်နေကြဆိုတော့ နဲနဲတော့ ရိုးသွားပြီ။ Oklahoma City မှာကြတော့ လှုပ်တော့ လှုပ်တယ်။ မြောက်ဖက်မှာ ပိုပြင်းတယ်။”
Fracking လို့ခေါ်တဲ့ မြေအောက် ကျောက်ကြောတွေကြား မှာ ရေဖိအား နဲ့ ရေနံတူးယူမှုတွေ ရေရှည် လုပ်လာတဲ့အတွက် Oklahoma ပြည်နယ်အတွင်း မကြာခနဆိုသလို ပြင်းအား ၃ ဒဿမဝန်းကျင်ရှိတဲ့ ငလျင်တွေ မကြာခန လှုပ်လေ့ရှိပါတယ်။
အဲဒီလို ငလျင်လှုပ်တဲ့ အကြိမ်ရေများလာတာနဲ့ ငလျင်လှုပ်တဲ့ ပြင်းအားလည်း တဖြည်းဖြည်း ကြီးလာတာကြောင့် ဒေသ ခံ ပြည်သူတွေ က မြေအောက် ကျောက်ကြောတွေကြားမှာ ရေဖိအားနဲ့ ရေနံတူးတဲ့ လုပ်ငန်းတွေကို ရပ်တန့်ပစ်ဖို့ ပြည်နယ်အစိုးရကို တောင်းဆိုနေတာကြောင့် အခုချိန်မှာတော့ အဲဒီနည်းနဲ့ ရေနံတူးတဲ့ ပမာဏ အတော်လေး လျော့ကျလာနေပြီ ဖြစ်ပါတယ်။
ပြင်းအား ၅.၆ ရှိတဲ့ ငလျင် Oklahoma City မှာ လှုပ်သွားတဲ့အကြောင်း အမေရိကန်ဘူမိဗေဒ တိုင်းထွာရေးဌာနက အတည်ပြု ပြောကြားလိုက်သလို အခု လှုပ်သွားတဲ့ ငလျင်ကြောင့် အနီးနား Arizona ပြည်နယ်အပြင် Kansas ၊ Illinois ၊ Iowa ၊ Tennessee နဲ့ Texas ပြည်နယ်အတွင်းတွေအထိ ရိုက်ခတ်သွား တဲ့အကြောင်း အဲဒီ ပြည်နယ် အသီးသီးမှာ ရှိတဲ့ ဒေသခံတွေက ပြောပါတယ်။
Your browser doesn’t support HTML5