မြောက်ကိုရီးယားနဲ့စကားပြောဆိုဖို့ဆန္ဒရှိတယ်၊ ဒါပေမဲ့ သင့်တော်တဲ့အခြေအနေမျိုးကျမှပဲ ပြောဆိုမယ်လို့ အမေရိကန် သမ္မတဒေါ်နလ်ထရမ့်ကပြောလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားလက်နက်တွေနဲ့တာဝေးပစ်ဒုံး ကျည်အစီအစဉ်တွေကို မစွန့်လွှတ်ဘူးဆိုရင် လူတွေအမြောက်အများကိုသေကျေပျက်စီးစေလိမ့်မယ်လို့လည်း သမ္မတထရမ့်က သတိပေးပါတယ်။
အမေရိကန်နိုင်ငံက ပြည်နယ်အုပ်ချုပ်ရေးမှုးတွေနဲ့သမ္မတထရမ့်တို့ မနေ့ တုန်းက အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတုန်း မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီးအခုလိုပြောခဲ့တာပါ။ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့စကားပြောချင်တဲ့အကြောင်း မြောက်ကိုရီးယားရဲ့ ထောက်လှန်းရေးခေါင်းဆောင် ကင်ယုံချူးက တောင် ကိုရီးယားသမ္မတ မွန်ဂျေးအင်နဲ့ တနင်္ဂနွေနေကတွေ့ဆုံခဲ့ကြတုန်းမှာ ပြောဆိုကမ်းလှမ်းခဲ့ပါတယ်။
အမေရိ ကန်နဲ့သူ့ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ်လူအမြောက်အများသေကျေစေနိုင် တဲ့လက်နက်တွေနဲ့ မြောက်ကိုရီးယားက ချိန်းချောက်နေ တာတွေကို အဆုံးသတ်အောင်လုပ်ရလိမ့်မယ်။ ဘာတွေဖြစ်လာ မလဲဆိုတာ ကို ကျနော်တို့တွေ့ရပါလိမ့်မယ်လို့ သမ္မတ ထရမ့်ကပြောပါတယ်။
မြောက်ကိုရီးယားနဲ့လုပ်မယ့် ဘယ်လိုတွေ့ ဆုံဆွေးနွေး မှုပဲဖြစ်ဖြစ် ရလာဒ်က နျူကလီးယားဖျက် သိမ်းရေးပဲဖြစ်ရလိမ့်မယ်လို့ သမ္မတအိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Sarah Huckabee Sanders က သတင်းစာရှင်းလင်း ပွဲမှာ မနေ့ကပြောခဲ့ပါတယ်။
သမ္မတထရမ့်နဲ့ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးကင်ယုံ ချူးလ်တို့နှစ်ဦးက စကားပြောကြဖို့ဆန္ဒရှိတယ်လို့ အခုပြောလာကြပါပြီ ဒါပေမဲ့ ဘာအကြောင်းကို ပြောကြမလဲဆိုတာ တော့ သဘောတူထားကြတာမရှိသေးဘူးလို့ ကိုရီးယားအရေးလေ့လာသူ တဦးဖြစ်တဲ့ Scott Snyderကပြောပါတယ်။
Your browser doesn’t support HTML5