အိန္ဒိယနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းအခြေချသူ တဦးတယောက်ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ အာသံပြည်နယ်ကို ရောက်ရှိနေတဲ့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အိန္ဒိယအရှေ့မြောက်မှာရှိနေတဲ့ အာသံပြည်နယ်မှာ အငြင်းပွားဖွယ်ရာ နိုင်ငံသားမှတ်ပုံတင်ရေး ကိစ္စြကောင့် နိုင်ငံသားအဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ လူဦးရေ နှစ်သန်းနီးပါး စာရင်းရှိခဲ့ပြီး အုတ်အော်သောင်းနင်းနဲ့ လူအများအပြား မကျေမနပ် ဖြစ်ခဲ့ကြတာပါ။
ဟိန္ဒူ အမျိုးသားရေးဝါဒီစွဲ အာဏာရပါတီဖြစ်တဲ့ Bharatiya Janata ပါတီအနေနဲ့ မွတ်စလင်တွေကို ထုတ်ပယ်နေပါတယ်ဆိုတာကို အကာအကွယ်ယူဖို့ လုပ်ဆောင်နေပုံရတဲ့ ဒီ နိုင်ငံသားအဖြစ် မှတ်ပုံတင်ကိစ္စဟာ ရွေးကောက်ပွဲမှာ ပါတီကို ထောက်ခံမဲပေးခဲ့တဲ့ မွတ်စလင်အများအပြားသာမက ဟိန္ဒူတွေကိုလည်း သွားပြီး သက်ရောက်မှုတွေ ရှိခဲ့တာပါ။
သြဂုတ်လ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ စာရင်းနဲ့ ပတ်သက်လို့ ပါတီတွင်း အဆင့်မြင့်ခေါင်းဆောင်တွေက မှတ်ချက်ပေး ပြောကြားဖို့ ရှောင်လွဲှနေကြပါတယ်။ အဲဒီစာရင်းမှာ နိုင်ငံသားအဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဟိန္ဒူတွေလည်း ပါနေတဲ့အတွက် ပြည်နယ်မှာရှိနေတဲ့ BJP ခေါင်းဆောင်တွေဘက်က အုတ်အော်သောင်းနင်း ဝေဖန်ကန့်ကွက်မှုတွေ ထွက်လာခဲ့ပါတယ်။
အရှေ့မြောက်ပြည်နယ်ဖြစ်တဲ့ အာသံကိုရောက်နေတဲ့ ပြည်ထဲရေးဝန်ကြီး Amit Shah က မိန့်ခွန်းပြောကြားခဲ့တာကို ထုတ်ပြန်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ အခုလို အိန္ဒိယအစိုးရရဲ့ လုပ်ဆောင်ချက်ဟာ အချိန်အခါနဲ့ ကိုက်ညီခဲ့တဲ့အတွက် သူ့အနေနဲ့ အားရကျေနပ်ကြောင်းနဲ့ အိန္ဒိယနိုင်ငံထဲမှာ တရားမဝင် ရွှေ့ပြောင်းအခြေချသူ တဦးတယောက်ကိုမှ အစိုးရက လက်ခံမှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် Narendra Modi ဦးဆောင်တဲ့ အစိုးရဟာ NRC ခေါ် နိုင်ငံသားမှတ်ပုံတင်မှုကို ထောက်ခံအားပေးခဲ့ပြီး အိန္ဒိနိုင်ငံကို စိမ့်ဝင်လာနေတဲ့ နိုင်ငံခြားသားတွေကို ဖယ်ရှားပစ်ဖို့ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5