NLD အစိုးရနှင့် ကချင်ပြည်နယ် စီးပွားရေးအလားအလာ

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသည့် ကချင် ဒုက္ခသည်များ။

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက တိုင်းပြည်အာဏာ လွဲပြောင်း ရယူခဲ့တဲ့ NLD အစိုးရသက်တမ်း ၂ နှစ်နီးပါး ရှိလာတဲ့အထိ ပညာရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပြည်သူတွေ မျှော်လင့်ထားသလောက် ပြုပြင် ပြောင်းလဲမှုတွေနဲ့ ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်အောင် ထိရောက်စွာ မလုပ်နိုင်သေးတဲ့အပေါ် ထောက်ပြ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာလည်း ကြီးမားတဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရွေးကောက်ပွဲကာလက ပေးထားခဲ့တဲ့ ကတိတွေ ဘယ်လောက် မြန်မြန် အကောင်အထည် ဖော်ပေးနိုင်မလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ ကချင်ပြည်နယ်ရဲ့ စီးပွားရေး အခြေအနေအကြောင်း ကချင် ငြိမ်းချမ်းရေးကွန်ယက် ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။