၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်က အခွင့်ထူးခံယူထားတာကို NLD အဖွဲ့ချုပ်နဲ့ ပြည်သူလူထုက ပြင်ဆင်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီအတောအတွင်း အခွင့်ထူးခံယူတဲ့ ဥပမာတခုကို မေလ (၂) ရက်နေ့ထတု် မြန်မာသံတော်ဆင့်မှာ အောင်ထွန်းလင်း ဆိုသူက ဖော်ပြပါတယ်။ သမ္မတလစာက ကျပ်သိန်း (၅၀) ဖြစ်ပြီး အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ ပင်စင်လစာက သိန်း (၁၀၀)၊ ဒု-ဗိုလ်ချုပ်မှုးကြီးမောင်အေးရဲ့ ပင်စင်လစာက သိန်း (၈၀) ဖြစ်နေတယ်လို့ ဆိုပါတယ်။ အငြိမ်းစာစစ်ဗိုလ် (၆၉) ဦးရဲ့ အိမ်အမှုထမ်း (၄၀၀) ကျော်အတွက် ကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ကိုလည်း အစိုးရက နှစ်စဉ်ထောက်ပံ့နေရပါတယ်။
သန့်ရှင်းဖို့ကြိုးစားနေတဲ့ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးအများစုဟာ စစ်ဗိုလ်နဲ့ စစ်ဗိုလ်လူထွက်တွေ ဖြစ်ပါတယ်။ ညွှန်ကြားရေးမှုးအဆင့်မှာ စစ်ဗိုလ်လူထွက်တွေကို ခန့်အပ်နေတုန်းပါ။ ဘယ်စစ်တပ်မှာမဆို စစ်ဗိုလ်ရဲ့ ရပိုင်ခွင့်နဲ့ အကျိုးခံစားခွင့်တွေကို ဦးစားပေးပါတယ်။ ဗြိတိသျှစစ်တပ်မှာ ထိပ်ပိုင်းက စစ်ဗိုလ်တွေ ရယူထားတဲ့ အထူးအခွင့်အရေးတွေကို လျှော့ပစ်လိုက်မယ်ဆိုရင် နှစ်ပေါင်း ပေါင်ငွေသန်းတစ်ထောင်လောက် သက်သာမယ်လို့ အစိုးရအကြံပေးပုဂ္ဂိုလ်က မနှစ်ကပြောဆိုပါတယ်။ အမေရိကန်စစ်တပ်မှာတော့ အခြေခံလစာ၊ အထူးလစာ၊ အထူးစရိတ်စတဲ့ ရပိုင်ခွင့်နဲ့ ခံစားခွင့်အမျိုးအစားပေါင်း (၇၀) ကျော် ရှိပါတယ်။
ဒီလို စစ်ဗိုလ်လူတန်းစာ မြန်မာပြည်မှာ အာဏာရတဲ့အခါမှာ သူတို့ရဲ့ ရပိုင်ခွင့် ခံစားခွင့်တွေဟာ သုံးလေးဆတိုးလာပါတယ်။ အလုပ်သမား၊ လယ်သမား အကျိုးစီးပွားမြှင့်တင်မယ်ဆိုပြီး ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး လုပ်တယ်ဆိုတုန်းကလည်း အလုပ်မလုပ်မီ စစ်ဗိုလ်တွေရဲ့ အဆောင်အရောင်နဲ့ ခံစားခွင့်တွေကို အရင်ဆုံး သတ်မှတ်ပါတယ်။ ပါတီအဖွဲ့အစည်း တည်ထောင်တဲ့အခါမှာ ရပိုင်ခွင့်နဲ့ အဆောင်အရောင်တွေကို အရင်ဆုံးသတ်မှတ်တဲ့ ဗမာစစ်ဗိုလ်ဓလေ့ကို ကွယ်လွန်သူ ဦးသိန်းဖေမြင့်က သတင်းစာမှာ ဝေဖန်ခံဖူးပါတယ်။ အခြေခံဥပဒေမရှိဘဲ အနှစ် (၂၀) ကျော် ဗိုလ်ချုပ်မှုးကြီးအုပ်စိုးတဲ့ စစ်အာဏာရှင်ခေတ် ရောက်လာတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို စစ်ဗိုလ်တွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလို သဘောထားကြတာကြောင့် သန်းကြွယ်သူဌေး နဲ့ ကုဋေသူဌေး စစ်ဗိုလ်လူတန်းစားတွေ ပေါများလာပါတယ်။
မဆလခေတ်မှာ အခွင့်ထူးခံစားပြီး အမှားမှားအယွင်းယွင်း လုပ်လွန်းလို့ အဆင်းရဲဆုံး နိုင်ငံဘဝရောက်သွားပေမယ့် စစ်ဗိုလ်လူတန်းစာကတော့ မဆင်းရဲပါဘူး။ ၈၈ အရေးတော်ပုံကြောင့် မဆလခေတ် နိဂုံးချုပ်တော့လည်း စစ်ဗိုလ်ကတော့ ခေတ်ကောင်းနေတုန်းပါ။ ဒဏ်ခတ်အရေးယူခံရပေမယ့် အိမ်နီးချင်းနိုင်ငံတွေ အကူအညီနဲ့ စစ်အာဏာရှင်စနစ်ကို တည်ထောင်ပြန်ပါတယ်။ ချမ်းသာလာတဲ့အခါ စစ်ဗိုလ်ကြီးစိုးတဲ့စနစ်ကို ကမ္ဘာကလက်ခံလာအောင် ရွေးကောက်ပွဲလုပ်ပြီး အသွင်ပြောင်းဖို့ ကြံစည်ပြန်ပါတယ်။ စစ်ဗိုလ်တွေရဲ့ အထူးအခွင့်အရေးကို ကာကွယ်ဖို့အတွက် ရွေးကောက်ပွဲမလုပ်မီ နှစ်ပေါင်းအတော်ကြာကတည်းက နေပြည်တော်ကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဒီမိုကရေစီပြုပြင်ရေးဟာ စစ်ဗိုလ်တွေအတွက် အဓိကမဟုတ်ဘဲ ရပိုင်ခွင့်နဲ့ အကျိုးခံစားခွင့်ကသာ အရေးကြီးတာ ထင်ရှားပါတယ်။
စစ်အစိုးရဟာ နေပြည်တော်ကို အခိုင်အခံတည်ဆောက်ပြီးမှ အရပ်သားအသွင်ပြောင်းတာဖြစ်တဲ့အတွက် စစ်အုပ်စုအကျိုးစီးပွားဟာ ပထမဦးစားပေးဖြစ်နေတာ ထင်ရှားပါတယ်။ ဆင်ဖြူမွေးထားတဲ့ နေပြည်တော်မှာ အကောင်းဆုံးပစ္စည်းတွေကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသံရုံးတွေတောင် ရန်ကုန်ကမခွါနိုင်သေးပါဘူး။ နေပြည်တော်ဟာ စစ်ဗိုလ်မြို့တော်ဖြစ်ပြီး ရန်ကုန်ဟာ အရပ်သားမြို့တော် ဖြစ်ပါတယ်။ နေပြည်တော်မှာ လူဦးရေ (၁) သန်းနီးပါးရှိပြီး ရန်ကုန်မှာ (၈) သန်းကျော်ရှိကြောင်း သိရပါတယ်။ ရန်ကုန်ဟာ ယဉ်ကျေးမှုမျိုးစုံ ပေါင်းစပ်ထားတဲ့မြို့တော် ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါသည်ကြီးလိုဖြစ်နေလို့ တိုးပွားလာတဲ့ လူဦးရေအတွက် ရန်ကုန်မြို့ကို ထပ်ချဲ့ရတော့မယ်လို့ မြို့ပြပညာရှင်ဒေါက်တာကျော်လတ် က ပြောတာကို 7-Day News မှာ ဧပြီလ (၂၃) ရက်နေ့က ဖော်ပြထားပါတယ်။
စစ်အုပ်စုအတွက် နေပြည်တော်ကို အခိုင်အမာ တည်ဆောက်ပြီးမှ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီတည်ဆောက်မယ်လို့ ပြောတာဟာ ကိုယ်ကျိုးစီးပွားကို ဦးစားပေးတာ ဖြစ်တယ်လို့ ယူဆကြပါတယ်။ စစ်အုပ်စုရဲ့ ရေရှည်အကျိုးစီးပွားကိုကြည့်ပြီး ပြုပြင်ရေးလုပ်တာ ဖြစ်ပါတယ်။ အခွင့်ထူးခံစနစ် သက်ဆိုးရှည်ဖို့အတွက် အထိုက်အလျောက် အရပ်သားကို လွတ်လပ်မှုနဲ့ လုပ်ပိုင်ခွင့်ပေးရပါတယ်။ ဒါကြောင့်မို့ အရင်ခံစားခဲ့တာတွေ လျော့သွားတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်အခွင့်ထူးခံဓလေ့ ကျန်ရှိနေတာမို့ သာတူညီမျှစနစ်ကို မတည်ဆောက်နိုင်ဘူးလို့ ပြောနိုင်ပါတယ်။ အဂတိလိုက်စားမှုပေါ်မှာ အခြေခံပြီး နေပြည်တော်ကို တိုးတိုးတိတ်တိတ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ နဲ့ ၁၉၉၀ မှာ အရပ်သားဦးဆောင်ပြီး ဒီမိုကရေစီအသွင်ပြောင်းဖို့ ကြိုးပမ်းခဲ့တာကို စစ်အုပ်စုက လက်မခံခဲ့ပေမယ့် ဒီအကြိမ်မှာတော့ စစ်အုပ်စုကိုယ်တိုင်ခေါင်းဆောင်နေတာမို့ အရပ်သားနဲ့လက်တွဲပြီး အသွင်ကူးပြောင်းနိုင်လိမ့်မယ်လို့ ယူဆသူလည်းပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်လူတန်းစားကို အခွင့်ထူးခံစားစေပြီး ပြည်သူ့အကျိုးသယ်ပိုးမယ်ဆိုတာဟာ ယုံတမ်းစကားလို ဖြစ်နေပါတယ်။ အခွင့်ထူးခံစစ်ဗိုလ်ဓလေ့ကို မစွန့်လွှတ်နိုင်သမျှကာလပတ်လုံး လက်ရည်တပြင်တည်း နိုင်ငံရေးလုပ်ဖို့ဆိုတာ ဖြစ်နိုင်စရာ အလားအလာမရှိကြောင်းပါ။