ပျက်ကျသွားတဲ့ နီပေါလေယာဉ် ရှာမတွေ့သေး
{{Zawgyi/Unicode}}
နီပေါနိုင်ငံမှာ လူ၂၂ ဦးလိုက်ပါလာတဲ့ ခရီးသည်လေယာဉ်တစင်း မနေ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ရှာဖွေလို့မတွေ့သေးပါဘူး။ မြို့တော် Kathmandu ရဲ့ အရှေ့ဖက် ၁၂၅ မိုင်အကွာမှာရှိတဲ့ Pokhara တောင်ပေါ် အပန်းဖြေမြို့ ကနေ Jomsom မြို့ကို ပျံသန်းသွားတဲ့ Twin Otter ပန်ကာတပ် လေယာဉ်ဟာ ဆင်းသက်ခါနီးမှာ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်သွယ်ပြတ်တောက်ခဲ့ပါတယ်။
အဲဒီနောက် စစ်တပ်ပိုင် ရဟတ်ယာဉ်တစင်း နဲ့ ပုဂ္ဂိုလိက ရဟတ်ယာဉ်တွေ ပါဝင်ပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်ခဲ့ကြတယ်လို့ နီပေါလေကြောင်းဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း ရာသီဥတုဆိုးဝါးမှုကြောင့် တောင်တန်းတွေအတွင်းမှာ မြင်ကွင်းမရှင်းလင်းတဲ့အတွက် ပျက်ကျသွားတဲ့နေရာကို ရှာဖွေမတွေ့သေးပါဘူး။
အဲဒီလေယာဉ်နဲ့ အတူ ဂျာမန်ခရီးသည် ၂ဦး အပါအဝင် နိုင်ငံခြားသား ၆ ဦးလိုက်ပါလာပြီး စုစုပေါင်း ခရီးသည် ၁၉ ဦး၊ လေယာဉ်အမှုထမ်း ၃ ဦးပါဝင်ပါတယ်။
Your browser doesn’t support HTML5
.................................................
{{Zawgyi/Unicode}}