[[Zawgyi/Unicode]]
အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်က ကိုယ့်ရပ်ကွက်ထဲကိုယ် မလျှောက်ရဲတဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ပြောလိုက်ပါတယ်။
UNDP နဲ့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့တို့က မြန်မာအမျိုးသမီးတွေရဲ့ သဘောထား အမြင် လေ့လာချက်မှာ ခုလို ပြောထားတာ ဖြစ်ပါတယ်။ အဆိုပါ လေ့လာချက်ကို ကုလသမဂ္ဂက ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။ ၂၀၁၉ လေ့လာချက်တုန်းကတော့ အမျိုးသမီး ၃.၅ % ကပဲ နေ့ခင်းအချိန်မှာ ရပ်ကွက်ထဲ မထွက်ရဲကြတာပါ။ ဒီကနေ့မှာတော့ အမျိုးသမီး တဝက်လောက်က ကိုယ့်ရပ်ကွက်ထဲကနေ အပြင်သွားတဲ့အခါ လုံခြုံမှုမရှိဘူးလို့ ခံစားကြရပြီး သုံးပုံတပုံက ညအချိန် ကိုယ့်အိမ်ထဲမှာတောင် စိတ်မချရဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးကတည်းကဆိုရင် အမျိုးသမီး ၁၀ ယောက်မှာ ၇ ယောက် နီးနီး က အိမ်ထောင်စုဝင်ငွေ ကျဆင်းသွားတယ်လို့ ပြောကြပါတယ်။ ကျေးလက်က အမျိုးသမီးတွေက ဝင်ငွေ တောက်လျှောက် ကျဆင်းနေတာကို ကြုံနေရပါတယ်။ ထမင်းနပ်ကျော်တာ၊ ငွေချေးရတာနဲ့ စရိတ်စကတွေကာမိအောင် ရှိတာ ချရောင်းရတာတွေလည်း ရှိတယ်လို့ လေ့လာချက်မှာ ပြောထားပါတယ်။
အမျိုးသမီးတဝက်လောက်က ကျန်းမာရေး စောင့်ရှောက်မှုရရှိဖို့ အခက်ကြုံနေရပြီးကိုယ်ဝန်သည် ဒါမှမဟုတ် နို့တိုက်မိခင် ၁၀ ဦးမှာ ၁ ဦးက အစိုးရဆေးခန်းပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကဆေးခန်းပဲဖြစ်ဖြစ်ကို လက်လှမ်းမမီကြဘူးလို့ လေ့လာချက်က တွေ့ရှိပါတယ်။
Your browser doesn’t support HTML5
=================
[[Unicode]]
=================