တရုတ်နယ်စပ် နောင်ခမ်းကျေးရွာ မီးဖြတ်ခံရမှု ဖြေရှင်းချက်မရ

ရွှေလီ (၁) ရေအားလျှပ်စစ်စီမံကိန်း (Crd: Google)

[[Zawgyi/Unicode]]

တရုတ်နိုင်ငံကပေးတဲ့ လျှပ်စစ်ဓာတ်အားကို ဆယ်နှစ်လောက်ကျော်လောက် မှီခိုနေခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာဟာ ပြီးခဲ့တဲ့၂၀၂၁ အောက်တိုဘာလကစလို့ လျှပ်စစ်မီးဖြတ်တောက်တာ ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ နယ်မြေ ကျူးကျော် ဝင်ရောက်တဲ့ကိစ္စကို နောင်ခမ်းရွာသားတွေက ကန့်ကွက်ပြီးတဲ့နောက်မှာ အခုလို တုံ့ပြန်ခံရတာပါ။ တကယ်တော့ တရုတ်နိုင်ငံကပေးတဲ့ ဒီလျှပ်စစ်ဟာ နောင်ခမ်းရွာနားက ရွှေလီ (၁) ရေအားလျှပ်စစ် စီမံကိန်းကနေ ရလာတာဖြစ်ပါတယ်။ ဒီရေအားလျှပ်စစ်ကနေ တရုတ်နိုင်ငံက အကျိုးအမြတ်တွေရနေပေမယ့် အိမ်ခြေ ၁၆၀ ပဲရှိတဲ့ ကျေးရွာတခုကို မီးဖြတ်တောက်ထားတာက လူ့အခွင့်အရေး ချိုးဖောက်မှုတခုဖြစ်တယ်လို့ ဒေသခံတွေနဲ့ ရှမ်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ်၊ ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ နောင်ခမ်းရွာ သားတွေဟာ တရုတ်နိုင်ငံရွှေလီမြို့၊ နောင်ဆွမ်းရွာကလျှပ်စစ်ကို ၁၀ နှစ်လောက်ဝယ်သုံးခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တရုတ်နဲ့နယ်မြေအငြင်းပွားမှုဖြစ်ခဲ့ပြီး လျှပ်စစ်ဖြတ်တောက်တာ ခံခဲ့ရပါတယ်။ နောင်ခမ်းကျေးရွာထဲကို တရုတ်နိုင်ငံသားတွေဝင်ပြီး ခြံစည်းရိုးကာရံတာကို ကန့်ကွက်ခဲ့တဲ့အတွက် အခုလိုလျှပ်စစ် ဖြတ်တောက်ခံခဲ့ရတာလို့ ကျေးရွာသားတွေက ပြောပါတယ်။ တကယ်တော့ ဒီလျှပ်စစ်ဟာ သူတို့ရွားနားမှာတည်ဆောက်ထားတဲ့ ရွှေလီ (၁) ရေအားလျှပ်စစ် စီမံကိန်းကရတာ ဖြစ်ပါတယ်။

၂၀၂၁ ဇူလိုင်လမှာ တရုတ်နိုင်ငံသား အယောက် ၅၀ လောက်က မြန်မာဘက် ကျူးကျော် လာပြီး စက်ယန္တရားတွေနဲ့ မြေကြီးတူးတာ၊ ခြံစည်းရိုးအခိုင်အမာ ကာရံတာတွေ လုပ်ခဲ့ကြပါတယ်။ ဒါကို နောင်ခမ်းကျေးရွာသားတွေက ကန့်ကွက်ခဲ့တဲ့နောက်မှာ တရုတ်ဘက်က လက်လျှော့ခဲ့ပေမယ့် ဒီရွာကိုပေးနေတဲ့ လျှပ်စစ်မီးကိုတော့ ဖြတ်တောက်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ထွက်တဲ့ ဒီရေအားလျှပ်စစ်စီမံကိန်းကို Yunnan United Power Development ကုမ္ပဏီနဲ့ မြန်မာလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့က နှစ် ၄၀ BOT သဘောတူညီမှုနဲ့ လုပ်ခဲ့ကြတာပါ။

လျှပ်စစ်ဖြတ်တောက်ခံရတဲ့ကိစ္စကို တရုတ်လျှပ်စစ်ဓာတ်အားပေးဌာနက တာဝန်ရှိသူတွေနဲ့ မြန်မာဘက်က တာဝန်ရှိသူတွေကိုပါ နောင်ခမ်းရွာသားတွေက တိုင်ကြားခဲ့ပေမယ့် အကြောင်းမထူးခဲ့ဘူးလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ရဲ့ တာဝန်ခံ ယိင်းလျန်းဟန်က ဗွီအိုအေကို ပြောပါတယ်။

" ဒီဘက် (မြန်မာဘက်က) လည်း ရွာလာကွင်းဆင်းကြည့်မယ်ဆိုပြီးမှ သုံးလ စာတွေတင် ထားတယ်။ မေးထားတယ်။ ဒါပေမယ့် သူတို့ပေါ်မလာဘူး၊ ရောက်မလာဘူး။ ရွာသားတွေကတော့ အတတ်နိုင်ဆုံး သူတို့ညှိနှိုင်းတယ် စာတင်တယ်၊ တတ်နိုင်တာ အစုံပေါ့နော်။ (တရုတ်ဘက်ကလည်း) သူတို့အကြောင်းမပြန်ဘူး၊ ဖုန်းမကိုင်ဘူး၊ လုံးဝလည်း အတွေ့မခံဘူး၊ အဲလိုမျိုးဖြစ်နေတယ်။"

လမ်းပမ်းဆယ်သွယ်ရေး ခက်ခဲတဲ့ နောင်ခမ်းကျေးရွာအတွက် ပြည်တွင်းကလျှပ်စစ်ရဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် တရုတ်နိုင်ငံဘက်က လျှပ်စစ်ကိုပြန်ပြီးဝယ်ယူရတာပါ။ လျှပ်စစ်မရတဲ့အတွက် စားဝတ်နေရေးကအစ ခက်ခဲနေတယ်လို့ နောင်ခမ်းကျေးရွာဥက္ကဋ္ဌက ဗွီအိုအေ ကို ပြောပါတယ်။

"ကျနော်တို့ မြန်မာမီးမရခင်မှာ သူတို့တရုတ်မီးကို ဝယ်သုံးရတာပေါ့။ ကျနော်တို့ မီးပိတ်ခံရတာတော့ ရှစ်လ၊ ကိုးလလောက်ရှိပြီ မီးမသုံးရဘူး။ ဒီမီးဖြတ်ခံရတာတော့ နယ်စပ်ရေးရာကိစ္စပေါ့။ သူတို့ကျူးကျော်တဲ့ပုံစံမျိုး ဒါပေမဲ့ ကျနုပ်တို့လည်း ရွာသူရွာသားတွေအားလုံး လက်မခံဘူး ကန့်ကွက်ခဲ့ကြတာလေ။ လက်မခံတော့ သူတို့မီးဖြတ်ပစ်လိုက်တယ်။ ရွာသူရွာသားတွေ အားလုံးက ဒုက္ခရောက်ကုန်မှာ ရေကိစ္စ၊ မီးကိစ္စတွေက။"

မီးရဖို့အတွက် မြန်မာလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဆီပဲ ပြန်အကူအညီတောင်းထားတယ်လို့ သူကပြောပါတယ်။

နောင်ခမ်းကျေးရွာနားက ရွှေလီ(၁)ရေအားလျှပ်စစ်ကရတဲ့ ၆၀၀ မဂ္ဂါဝပ်ထဲက ၄၀၀ မဂ္ဂါဝပ်ကို မြန်မာဘက်ကရပြီး ၂၀၀ မဂ္ဂါဝပ်ကိုတော့ တရုတ်ဘက်ကို ပို့ပေးတာပါ။ မြန်မာဘက်ကရတဲ့ ၄၀၀ မဂ္ဂါဝပ်ကလည်း ဓာတ်အားအများစုကို စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က တရုတ်ပိုင် တကောင်းနီကယ်သန့်စင်စက်ရုံကို ပို့ပေးနေတာ ဖြစ်ပါတယ်။ မြန်မာကနေ တရုတ်ကိုပို့နေတဲ့ သဘောဝဓာတ်ငွေနဲ့ ရေနံပိုက်လိုင်းကလည်း နောင်ခမ်းကျေးရွာက တောင်ယာမြေတွေကိုဖြတ်ပြီး တရုတ်ကို ဆက်သွယ်ထားတာပါ။ ဒီရေနံနဲ့ သဘောဝဓာတ်ငွေပိုက်လိုင်း အနီးတဝိုက်မှာရှိတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ဒီရွာမှာရှိပါတယ်။

နောင်ခမ်းကျေးရွာ ဒေသခံတွေကတော့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် သူတို့ လယ်ယာမြေတွေဆုံးရှုံးရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေအတွက် ပြစ်တင်ဝေဖန်ထားပါတယ်။

Your browser doesn’t support HTML5

တရုတ်နယ်စပ် နောင်ခမ်းကျေးရွာ မီးဖြတ်ခံရမှု ဖြေရှင်းချက်မရ.mp3

===============

[[Unicode]]









"ကနြောျတို့ မွနျမာမီးမရခငျမှာ သူတို့တရုတျမီးကို ဝယျသုံးရတာပေါ့။ ကနြောျတို့ မီးပိတျခံရတာတော့ ရှဈလ၊ ကိုးလလောကျရှိပွီ မီးမသုံးရဘူး။ ဒီမီးဖွတျခံရတာတော့ နယျစပျရေးရာကိစ်စပေါ့။ သူတို့ကြူးကြောျတဲ့ပုံစံမြိုး ဒါပမေဲ့ ကနြုပျတို့လညျး ရှာသူရှာသားတှအေားလုံး လကျမခံဘူး ကန့ျကှကျခဲ့ကွတာလေ။ လကျမခံတော့ သူတို့မီးဖွတျပဈလိုကျတယျ။ ရှာသူရှာသားတှေ အားလုံးက ဒုက်ခရောကျကုနျမှာ ရကေိစ်စ၊ မီးကိစ်စတှကေ။"


