မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့ လုံခြုံရေးကောင်စီကို စစ်ကောင်စီဝေဖန်

UN-MYANMAR-DIPLOMACY

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ ကြိုးစားတာ ဖြစ်ကြောင်း စစ်ကောင်စီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ 

မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့ လုံခြုံရေးကောင်စီကို စစ်ကောင်စီဝေဖန်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ ကြိုးစားတာ ဖြစ်ကြောင်း စစ်ကောင်စီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီနဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က အရင်လို ဗီတိုအာဏာသုံး ပယ်ချတာတွေမလုပ်ပဲ မဲမပေးပဲ ကြားနေခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့မှာတော့ အခြေနေသိပ်ဆိုးနေတဲ့ မြန်မာနိုင်ငံအတွက် လုံခြုံရေးကောင်စီက ပထမဆုံးအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ကိုမဲခွဲပြီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီက မြန်မာဆိုင်ရာဆုံးဖြတ်ချက်ချရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ သဘောထား ကွဲလွဲနေတာ ဖြစ်ပြီး အရင်တုန်းကတော့ တရားဝင်ကြေညာချက်လောက်သာ ထုတ်ပြန်ဖို့ သဘောတူညီမှု ရခဲ့ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိုဝင်စွက်တဲ့ အချက်အလက် များစွာပါဝင်နေပြီး ဒါဟာ ကုလသမဂ္ဂရဲ့ မူဝါဒကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်တာ ဖြစ်ကြောင်းလည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ မြန်မာဘက်က ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးရမယ့်အစား မြန်မာနိုင်ငံတည်ငြိမ်မှု မရှိအောင် ဖိအားပေးဖို့ ကြိုးစားတာဟာ မြန်မာနိုင်ငံအတွက် အထောက်အကူမဖြစ်တဲ့ အတွက် လက်ခံမှာမဟုတ်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံခဲ့တာ ဖြစ်ပြီး အမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ပယ်မချခဲ့ပဲ ကြားနေခဲ့ကြသလို အိန္ဒိယကလည်း မဲမပေးပဲနေခဲ့တာပါ။

စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့ သောကြာနေ့ ကြေညာချက်ထဲမှာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲဟာ မဲမသမာမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွါးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီပါတီအနိုင်ရခဲ့တာ ဖြစ်ကြောင်း ထပ်လောင်းပြောကြားထား ပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိကြောင်း စောင့်ကြည့်လေ့လာတဲ့ နိုင်ငံတကာအဖွဲ့တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်က သူမကို ဖမ်းဆီးထိန်းသိမ်းခဲ့သလို အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွဲမှုတွေကနေ သေဆုံးရသူက ၂၅၀၀ ကျော်ပြီလို့ လူ့အခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့ လုံခြုံရေးကောက်စီကို စစ်ကောင်စီဝေဖန်


{{Zawgyi/Unicode}}



