မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဘာတွေလိုအပ်သလဲ

ပုဂံရှိ ရှေးဟောင်းဘုရားများ မြင်ကွင်း။

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် ပြုပြင် လုပ်ဆောင်စရာတွေ အများအပြား ရှိနေပေမယ့်လည်း အုပ်ချုပ်ရေးပိုင်းမှာ ကြိုးနီစံနစ် ရှိဆဲဖြစ်တဲ့အတွက် တိုးတက်မှု နှေးကွေးနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက အထွေထွေအတွင်းရေးမှူး ဒေါ်သတိုးသူဇာအောင်က ပြောပါတယ်။ ခရီးသွားလုပ်ငန်း အတွက် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့ လိုအပ်ချက်တွေကို မကြာခင်မှာ အစိုးရ တာဝန်ရှိသူတွေကို အကြံပေး တင်ပြသွားမယ်လို့ ဆိုပါတယ်။ မြန်မာ့ ခရီးသွားလုပ်ငန်း အတွက် လိုအပ်ချက်တွေ၊ လုပ်ငန်းရှင်တွေဖက်က လက်ရှိလုပ်ဆောင်နေတာတွေကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဘာတွေလိုအပ်သလဲ